Thursday, September 9, 2021

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြိုအောက်ဆီဂျင်စက်ရုံအား ကြည့်ရှု စစ်ဆေးပြီး ပြည်သူ့ဆေးရုံများအတွက် Oxygen Concentrator များ ပေးအပ်




 

မြိတ်   စက်တင်ဘာ   ၉

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများနှင့်အတူ ယမန်နေ့ နေ့လယ်ပိုင်းတွင် မြိတ်မြို ပြည်သူ့ဆေးရုံရှိ အောက်ဆီဂျင်စက်ရုံသို ရောက်ရှိခဲ့ကြပြီး အောက်ဆီဂျင် ထုတ်လုပ်၍ ဆေးရုံနှင့် ကိုဗစ်စင်တာများသို ဖြန့်ဖြူးပေးနေမှု အခြေအနေများအား ကြည့်ရှု စစ်ဆေး၍ မြိတ်ခရိုင်အတွင်းရှိ ဆေးရုံများအတွက် Oxygen Concentrator များ ပေးအပ်ခဲ့သည်။



ရှေးဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲသည် အောက်ဆီဂျင်စက်ရုံတွင် အောက်ဆီဂျင် ထုတ်လုပ်လည်ပတ်ဆောင် ရွက်မှု အခြေအနေများအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြပြီး အောက်ဆီဂျင် လိုအပ်သူများအတွက် အလျင်မှီစေရန် ဖြန့်ဖြူး ဆောင်ရွက်ပေးနေမှုအခြေအနေများအား မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ် ကုသ ထိန်းချုပ်ရေး အထောက်အကူပြု ကော်မတီဥက္ကဋ္ဌ ဒေါ်တင်တင်ထွေး က ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ စက်ရုံလည်ပတ်သည့် လျှပ်စစ်မီးနှင့် စက်သုံးဆီအသုံးစရိတ်များကို တိုင်းဒေသကြီးအစိုးရအဖွဲက စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုနောက် တိုင်းဒေသကြီးအစိုးရအဖွဲမှ မြိတ်ပြည်သူ့ဆေးရုံအတွက် လှူဒါန်းသည့် အောက်ဆီဂျင်အိုး အလုံး(၃၀၀)နှင့် Oxygen Flow Metre (၂၀၀)ခုတိုကို ဝန်ကြီးချုပ် ဦးမြတ်ကို က  ပေးအပ်ရာ ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်းက လက်ခံရယူခဲ့သည်။ ထိုအတူ မြိတ်ခရိုင်အတွင်းရှိ မြိုနယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ် ဆေးရုံများအတွက် Oxygen Concentrator အလုံး(၂၀)ကို တိုင်းဒေသကြီးအစိုးရအဖွဲမှ ပေးအပ်ခဲ့ကြောင်း သိရသည်။

အောက်ဆီဂျင်စက်ရုံတွင် အောက်ဆီဂျင်စက်နှစ်လုံး လည်ပတ်ထုတ်လုပ်လျက်ရှိပြီး အဆိုပါစက်နှစ်လုံး တွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲမှ လှူဒါန်းသည့် စက်တစ်လုံး နှင့် စေတနာရှင်အလှူရှင်များ လှူဒါန်း မှုဖြင့် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ် ကုသ ထိန်းချုပ်ရေး အထောက် အကူပြုကော်မတီမှ ဝယ်ယူထားရှိသည့် စက်တစ်လုံးတိုဖြစ်ကြ၍ အောက်ဆီဂျင် စက်နှစ်လုံးမှ တစ်နေ့လျှင် အောက်ဆီဂျင်(၄၀)လီတာအိုး (၃၂၀)လုံးခန့် ထုတ်နိုင်၍ ဆေးရုံ၊ ကိုဗစ်စင်တာများနှင့် ပရဟိတအဖွဲများအား အခမဲ့ ဖြန့်ဖြူးပေးလျက်ရှိသည်။
အောက်ဆီဂျင်စက်ရုံရှိ စက်နှစ်လုံးကို စက်တစ်လုံးလျှင် တစ်နေ့ရပ်နားချိန်(၄)နာရီသာ ရပ်နား၍ နေ့ည လည်ပတ်လျက်ရှိကြောင်း၊ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်(၂၀၀)အိုးကို အောက်ဆီဂျင်ဖြည့်၍ အဆင်သင့် ထားရှိကြောင်း၊ မြိတ်မြိုတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ ပြည်သူ့ဆေးရုံနှင့် ကိုဗစ်စင်တာများ၌ ဆေးကုသမှုခံယူ နေသော ကိုဗစ်လူနာများအတွက် အောက်ဆီဂျင်လိုအပ်ချက် ပြည့်မှီနေပြီဖြစ်ကာ မြိတ်ခရိုင်ရှိ ပြည်သူ့ဆေးရုံများ နှင့် ပရဟိတအဖွဲများအား အခမဲ့ဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် )

No comments:

Post a Comment