စစ်တွေ စက်တင်ဘာ ၁၀
ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့ Kyauk phyu Electric Power Co.,Ltd မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရေး လုပ်ငန်းများအတွက် ကျန်းမာရေးစောင့်ရှောက်မှု စက်ကိရိယာပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လှူဒါန်းပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာ အောင်ကျော်မင်းက ရခိုင်ပြည်နယ် အနေဖြင့် ကိုဗစ်ရောဂါဖြစ်ပွားရာ၌ ပထမလိုင်းတွင်
အတည်ပြုလူနာ ၁၆ ဦးရှိပြီး သေဆုံးမှုမရှိခဲ့ပါကြောင်း၊ ဒုတိယလိုင်းတွင် ၄၂၂၀ ဦးရှိပြီး
သေဆုံးလူနာ ၃၉ ဦးရှိခဲ့ကြောင်း၊ တတိယလိုင်းတွင်
ကူးစက်ခံရသူ ၄၅၀၇ ဦးရှိကာ၊ သေဆုံးသူ စက်တင်ဘာလ ၉ ရက်ထိ ၄၂၃ ဦးရှိခဲ့ပါကြောင်း၊ တတိယလိုင်းသည်
ပြီးဆုံးသွားပြီဟု ပြော၍ မရပါကြောင်း၊ သို့သော်လည်း ယခင်နှင့်နှိုင်းယှဉ်လျင် ကူးစက်မှုနှုန်းသည်
တဖြေးဖြေးကျဆင်းလာပါကြောင်း၊ ရာခိုင်နှုန်းအနေဖြင့် တွက်ကြည်မည်ဆိုလျင် ၁၀ ရာခိုင်နှုန်းအောက်ကျဆင်းသွားပြီဟု
ပြော၍ရနိုင်ပါကြောင်း၊ ထိုသို့ကူးစက် မှုနှုန်း ကျဆင်းလာခြင်း သည်လည်း ပြည်သူများ၏
ပူးပေါင်းပါဝင်မှု၊ မိမိတို့အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ များ၏ ကြီးကြပ်ဆောင်ရွက် ပေးမှု၊
လူမှုရေးအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်ပေးမှု တို့ကြောင့် ဖြစ်ပါကြောင်း၊ ရောဂါကူးစက်
မှုနှုန်းမြင့်တက်နေချိန်တွင် မိမိတို့အစိုးရအဖွဲ့အနေဖြင့် နေ့မနား ညမအားဆိုသလို ကြိုးစားဆောင်ရွက်
ခဲ့ပါကြောင်း၊ ထိုအချိန်များတွင် အောက်ဆီဂျင်လိုအပ်မှု သည်လည်း များစွာရှိခဲ့ပါကြောင်း၊
အောက်ဆီဂျင်ရရှိရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ပံ့ပိုးကူညီမှု၊ ပူးပေါင်းမှုများဖြင့်
ကြိုးစားဆောင်ရွက်ခဲ့ရပါကြောင်း၊ ကိုဗစ်ရောဂါဖြစ်ပွားမှုနှုန်း ကျဆင်း သွားပြီဖြစ်သော်လည်း
ဆက်လက်ရှိနေသေးသည့်အတွက် ပေါ့ဆ၍မရပါကြောင်း၊ နောက်ထပ် ရောဂါ မျိုးရိုးဗီဇပြောင်းလဲမှုများ
ရှိနေသည့်အတွက် မိမိတို့အနေဖြင့် ယခင်လုပ်ဆောင်ခဲ့သည့် အတွေ့အကြုံ များဖြင့် ဆက်လက်
ကာကွယ်ထိန်းချုပ်သွားရမည်ဖြစ်ကြောင်း၊ ယခုအချိန်တွင် မြို့နယ်များ၌လည်း Oxygen
Plant များဖြစ်မြောက်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြပါကြောင်း၊ အချို့မြို့နယ်
များတွင် လည်ပတ်ထုတ်လုပ် လျက်ရှိပါကြောင်း၊ သို့သော်လည်း အောက်ဆီဂျင်နှင့် ပတ်သက်သည့်
ပစ္စည်းများသည် မိမိတို့တွင် လုံလောက်မှုရှိသည်ဟု ပြော၍မရနိုင်ပါကြောင်း၊ ကိုဗစ်ရောဂါဖြစ်ပွား
မှုကြောင့် ပြည်နယ်၏ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ လူမှုစီးပွားဘဝမြင့်မားရေးတို့အတွက်
အချိန်မပေးနိုင်ခဲ့ပါကြောင်း၊ ယခုအချိန်တွင်
ကိုဗစ်ရောဂါကူးစက်မှုနှုန်းကျဆင်းလာသည့်အတွက် ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို
ဆက်လက်လုပ်ဆောင်လျက်ရှိပါကြောင်း၊ ကိုဗစ်ရောဂါ ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများကို
ပြန်လည် လည်ပတ်နိုင်ရန် ကြိုးစားဆောင်ရွက် လျက်ရှိကြောင်းနှင့် ယခုကဲ့သို့ လှူဒါန်းပေးမှုအတွက်
ရခိုင်ပြည်နယ်ရှိ ပြည်သူများကိုယ်စား ကျေးဇူး တင်ရှိကြောင်း ပြောကြားသည်။
ထို့နောက် Kyauk phyu Electric
Power Co.,Ltd မှ ဒုတိယအမှုဆောင်အရာရှိချုပ် ဒေါက်တာ ကောင်းမြတ်လင်းက ကျန်းမာရေးစောင့်ရှောက်မှု
စက်ကိရိယာများအား လှူဒါန်းရခြင်းနှင့်ပတ်သက် ၍ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးစောင့်ရှောက်မှု
စက်ကိရိယာပစ္စည်းများအား Kyauk phyu Electric Power Co.,Ltd မှ ဒေါက်တာ ကောင်းမြတ်လင်းက
ပေးအပ်လှူဒါန်းရာ ပြည်နယ်ဘဏ္ဍာငွေ၊ လှူဒါန်း ငွေရရှိရေးနှင့် ရိက္ခာစုဆောင်းဖြန့်ဝေရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊
ပြည်နယ် စီးပွားရေးရာ ဝန်ကြီး ဦးစံရွှေမောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့သို့
Kyauk phyu Electric Power Co.,Ltd မှလှူဒါန်းသည့် ပစ္စည်းများမှာ ငွေကျပ် ၂၇၅၇၂၀၀၀
တန်းဖိုးရှိ Oxygen Concentrator 10 L ၁၀ ခု၊
Non Invasive Ventilator တစ်ခု၊ Oxygen
Cylinders 40L ၂၀ ခု၊ Pulse Oximeter ၃၀ ခုတို့ဖြစ်ကြောင်းသိရသည်။
တင်ထွန်း(ပြန်/ဆက်)
No comments:
Post a Comment