လားရှိုး စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီအချိန်က နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် ‘လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာနက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး
ကတ်ပြားများ ထုတ်ပေး နိုင်ရေးအတွက် ပန်းခင်းစီမံချက်ကို ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏
ကြီးကြပ်မှုနှင့်အတူ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ယမန်နေ့အခမ်းအနားတွင် ရှမ်းပြည်နယ်
(မြောက်ပိုင်း)၊ လားရှိုးခရိုင်အတွင်းရှိ လားရှိုး၊ သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်၊ ကွမ်းလုံမြို့နယ်များ
သာမက မူဆယ်ခရိုင် ကွတ်ခိုင်မြို့နယ်များမှ ပန်းခင်းစီမံချက်အရ ဆောင်ရွက်ပြီးစီးသော
နိုင်ငံသား စိစစ်ရေးကတ်ပြား (၃၄၉၁)ကတ်ကို ပြည်သူများ လက်ဝယ်အရောက် ပေးအပ်နိုင်သည့်အတွက်
ဝမ်းမြောက်ဂုဏ်ယူရမည့် နေ့တစ်နေ့ ဖြစ်ပါကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
ဝန်ကြီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကြား၊ မိုးရာသီအတွင်း မိုးရွာနေသည့်ကြားက
ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးနေသလို ပြည်သူများကလည်း ဝန်ထမ်းများ၏ ကြိုးစားမှုကို
သတိပြုပြီး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးပါရန် အသိပေး တိုက်တွန်းလိုကြောင်း၊ ပန်းခင်းစီမံချက်၏
ဆောင်ပုဒ်ဖြစ်သည့် ‘လူမှုဘ၀ပြည့်စုံဖို့ နိုင်ငံကတ် ကိုင်ကြစို့’ ဆိုသည့်အတိုင်း ပြည်သူအားလုံး၊
ဌာနဆိုင်ရာများအားလုံး၊ တိုင်းရင်းသားအဖွဲ့အစည်း အားလုံးပူးပေါင်း ဆောင်ရွက်ပေးကြပါရန်’
တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် လားရှိုးခရိုင်အတွင်းရှိ လားရှိုး၊
သိန္နီ၊ တန့်ယန်း၊ ကွမ်းလုံ၊ မိုင်းရယ်မြို့နယ်များနှင့် မူဆယ် ခရိုင်အတွင်းရှိ၊ ကွတ်ခိုင်မြို့နယ်ပြည်သူလူထုများအတွက်
ပန်းခင်းစီမံချက်အရ ဆောင်ရွက် ပြီးစီးသော နိုင်ငံသားစိစစ်ရေး ကတ်ပြား(၃၄၁၉)ကတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊
ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့် တာဝန်ရှိသူများကပေးအပ်ရာ သက်ဆိုင်ရာမြို့နယ်များမှ
ကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းသည်
ရှမ်းပြည်နယ်(မြောက်ပိုင်း) ခရီးစဉ်များတွင် နိုင်ငံသား ကတ်ပေးအပ်ပွဲ(၄)ကြိမ် နိုင်ငံသားစိစစ်ရေး
ကတ်ပြားပေါင်း (၉၀၃၇)ကတ် ပေးအပ် နိုင်ပြီးဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment