Saturday, September 4, 2021

မင်းဘူးမြို့ မင်းပူးဦးဩဘာသခန်းမ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး(ဒုတိယအကြိမ်) လာရောက်ထိုးနှံသော ပြည်သူများ၏ ရင်တွင်းစကားသံများ



မင်းဘူး   စက်တင်ဘာ   ၄

ကာကွယ်ဆေးလာရောက်ထိုးနှံသူ ပြည်သူတစ်ဦး

မေး။   အန်တီမင်္ဂလာပါရှင့်၊ အန်တီရဲ့ နာမည်လေးနဲ့ ဘယ်ကနေလာပြီး ကာကွယ်‌ဆေးထိုးတာလဲ ဆိုတာလေး ပြောပြပေးပါ   အုံးရှင့်။         


ဖြေ။    ကျွန်မကတော့ မင်းဘူးမြို့ အမှတ်(၃) ဈေးအနီးနားလေးက လာတာပါရှင့်။ 
မေး။   ဟုတ်ကဲ့ပါရှင့်၊ အန်တီပထမအကြိမ် ကာကွယ်ဆေးထိုးပြီးတဲ့ နောက်ပိုင်းမှာလေ အန်တီဘယ်လိုခံစားရသေးလဲရှင့်။    
ဖြေ။    ဘာမှတော့မဖြစ်ဘူး၊ နာတာလည်းမဖြစ်ဘူး၊ ရောင်ရမ်းတာလည်းမရှိဘူးရှင့်။         
မေး။   ဟုတ်ကဲ့ပါရှင့်၊ အန်တီ ဒီကာကွယ်ဆေးအပေါ်မှာရော အန်တီဘယ်‌လောက် ယုံကြည်မှုရှိလဲရှင့်။    
ဖြေ။    အဲ ရာနှုန်းပြည့်ယုံကြည်လို့ လာထိုးတာပါရှင့်။        
မေး။   ဟုတ်ကဲ့ပါရှင့်၊ အန်တီ ဒီကာကွယ်ဆေး (၂) ကြိမ် ထိုးခွင့်ရတဲ့အပေါ်မှာရော အန်တီအနေနဲ့ ရင်တွင်းပီတိစကားသံလေး    ကြားပါရစေရှင့်။       
ဖြေ။    နိုင်ငံတော်က ဒီလိုထိုးပေးတဲ့အတွက် ပြည်သူလူထုကို စောင့်ရှောက်တဲ့အတွက် ကိုယ်တိုင်တောင် ဝယ်ထိုးလို့မရတဲ့ဆေး မျိုးကို ထိုးပေးတဲ့အတွက် နိုင်ငံတော်ကို ကျေးဇူးအများကြီးတင်ပါတယ်။   
မေး။   ဟုတ်ကဲ့ပါရှင့်၊ အန်တီ ဒီကာကွယ်‌ဆေး လာမထိုးတဲ့သူတွေလည်း ဟိုရှိရင်ရှိအုံးမှာပေါ့နော်၊ အဲဒါအန်တီဘာများ ပြောချင်  သေးလဲရှင့်။   
ဖြေ။    ကျွန်မတို့ ဝန်ထမ်းတွေကအစ ထိုးဖို့တော့ တိုက်တွန်းထားပါတယ်၊ ဟိုကိုလည်းထိုးပြီးပြီ၊ ပထမအကြိမ်လည်း ထိုးပြီးပြီ၊        အဲကောင်းကျိုးလေးတွေကိုလည်းပြောပြထားပြီးပြီ၊ နောင်လည်း ဒီကာကွယ်ဖို့အတွက်က ဒီ‌ဆေးကိုထိုးမှကို ဖြစ်မှာမို့လို့   ဝန်ထမ်းတွေကအစထိုးဖို့ကိုညွှန်ကြားထားပါတယ်ရှင့်။         

          ဟုတ်ကဲ့ပါရှင့်၊ အခုလိုလေးအန်တီ ပြည့်ပြည့်စုံစုံလေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။   
          ဟုတ်ကဲ့ပါရှင့်၊ ကျေးဇူးတင်ပါတယ်ရှင့်။                
အေးသီတာအောင်(ဝေဠုဝန် ရပ်ကွက်)

မေး။  ညီမလေး မင်္ဂလာပါ၊ ညီမလေးရဲ့ နာမည်လေးနဲ့ ဘယ်ကနေလာပြီးတော့ ကာကွယ်ဆေးထိုးရတာလဲဆိုတာလေးကို ပြောပြပေးပါအုံး။ 

ဖြေ။   ညီမလေးနာမည်ကတော့ အေးသီတာအောင်ပါ၊ လာတာကတော့ ဒီမင်းဘူးမြို့ ဝေဠုဝန် (၈)လမ်းရပ်ကွက်ကနေ လာထိုး တာပါရှင့်။

မေး။  ညီမလေး ဒီပထမအကြိမ် ကာကွယ်ဆေးထိုးပြီးတဲ့နောက်ပိုင်းမှာလေ ညီမလေးအနေနဲ့ ဘယ်လိုများခံစားရသေးလဲ၊ နာကျင်တာမျိုးတို့၊ ဖျားတာမျိုးတို့ ဖြစ်သေးလား။

ဖြေ။   ဖျားတော့မဖျားဘူး၊ အောင့်တာလေးပဲရှိပြီးတော့ ခေါင်းလေးနဲနဲပဲ မူးပါတယ်၊ ကျန်တာတော့ မရှိဘူး။

မေး။  ညီမလေး အနေနဲ့ ဒီကာကွယ်ဆေးအပေါ်မှာရော ဘယ်လောက်ယုံကြည်မှုရှိလဲ။

ဖြေ။   ညီမလေး အနေနဲ့ ဒီကာကွယ်ဆေးကို အရမ်းယုံကြည်လို့ကိုပဲ တက်တက်ကြွကြွကို လာထိုးတာ၊ အဲဒါကြောင့် သူများတွေ ကိုလည်း ကိုယ်တိုက်တွန်းတယ်၊ ထိုးဖို့ကိုလေ၊ အဲလို။

မေး။  ကာကွယ်ဆေး ဒီနှစ်ကြိမ်ထိုးခွင့်ရတဲ့အတွက်လေ ညီမလေးရဲ့ ပိတိစကားသံလေးလဲ ပြောပေးပါအုံး။

ဖြေ။   ညီမလေး ဒီလိုထိုးရတဲ့အတွက် အရမ်းလဲဝမ်းသာတယ်၊ ဒီထိုးပေးဖို့လည်း အစောကြီးကတည်းက မျှော်လင့်နေတာ၊ အရမ်းကြီးဝမ်းသာပါတယ်၊ နိုင်ငံတော်ကထိုးပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးလည်း တင်ပါတယ်။

မေး။  အဲဒါဆို ညီမလေး ဒီကာကွယ်ဆေး လာမထိုးတဲ့သူတွေရှိရင်ကော ညီမလေးဘယ်လိုများပြောချင်သေးလဲ။

ဖြေ။   ညီမလေးကတော့ အတတ်နိုင်ဆုံး သူတို့ကို သွားထိုးဖို့တော့ တိုက်တွန်းတယ်ပေါ့နော်၊ တစ်ချို့ကျတော့လဲ သူတို့ခံယူချက် တွေနဲ့သူတို့ဆိုတော့လည်း အရမ်းကြီးတော့ ပြောလို့မရဘူးပေါ့၊ ကိုယ်ပြောသင့်သလောက်တော့ ပြောပေးတယ်။

        ကျေးဇူးတင်ပါတယ်နော်၊ ညီမလေး အခုလိုလေး ဖြေကြားပေးတဲ့အတွက်ကိုလေ။

        ဟုတ်ကဲ့ရှင့်၊ အများကြီးကျေးဇူးတင်ပါတယ်ရှင့်။

ဉီးသန်းညွန့်(မန်းရေနံဝန်ထမ်း)

မေး။  ဦးလေးရဲ့နာမည်လေးနဲ့ ဘယ်ကနေလာပြီးတော့ ကာကွယ်ဆေးထိုးရတာလဲ ဆိုတာလေးကို ပြောပြပေးပါအုံးရှင့်။  

ဖြေ။   ဟုတ်ကဲ့ပါ၊ ကျွန်တော့်နာမည်က ဦးသန်းညွန့်ပါ၊ ကျွန်တော်ဆေးလာရောက်ထိုးတာ ကျွန်တော်ကဝန်ထမ်းပါ၊ ကျွန်တော် တို့ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မန်းရေနံမြေကပါ၊ မန်းရေနံမြေ စက်မှုအင်ဂျင်နီယာ ဌာနက လာထိုးတာ၊ ဝန်ထမ်းပါ။

မေး။  ဟုတ်ကဲ့ပါရှင့်၊ ကာကွယ်ဆေး ပထမအကြိမ်ထိုးပြီးတဲ့နောက်ပိုင်းမှာလေ ဦးလေးအနေနဲ့ ဘယ်လိုများခံစားရသေးလဲရှင့်။

ဖြေ။   ဟုတ်ကဲ့၊ ကာကွယ်ဆေး ပထမတစ်ကြိမ် ထိုးတုန်းက ကျွန်တော်အဆင်ပြေပါတယ်၊ ဘာမှဘေးထွက်ဆိုးကျိုးမရှိပါဘူး၊ ဟိုဖျားတာ၊ နာတာ၊ ခေါင်းကိုက်တာ ဘာညာဘာမှမရှိဘူး၊ အဲဒီဆေးထိုးပြီးတဲ့အချိန် မှာ ကျွန်တော်ကဘာထူးခြားလဲဆို တော့ ကိုယ်ခွန်အားတွေ ပြည့်လာသလို ခံစားရတယ်၊ နောက်ပြီးတော့ အစားအသောက်ပိုစားလာတယ်၊ အဲဒီအကျိုးခံစား ရတယ်၊ နောက်ပြီးတော့ ကိုယ့်အတွက် ဆေးထိုးလိုက်တော့ ယုံကြည်မှုလဲ ပိုရှိလာတာပေါ့လေ၊ အဲအကျိုးတွေပေါ့။

မေး။  ဟုတ်ကဲ့ပါရှင့်၊ ကာကွယ်ဆေး (၂) ကြိမ် ထိုးခွင့်ရတဲ့အတွက်ပေါ့နော် ပီတိစကားသံလေးလည်း ကြားပါရစေရှင့်။

ဖြေ။   ဟိုကာကွယ်ဆေး (၂) ကြိမ် ထိုးခွင့်ရတော့ ဒီ‌ဆေးထိုးဖို့ ပြုလုပ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲကမှအစ အဆင့်ဆင့်ပေါ့လေ၊ ဒီအောက်ခြေထိ အားလုံးကို ကျေးဇူးတင်တယ်ပေါ့၊ အဲလိုဆေးအခမဲ့ ထိုးခွင့်ရတာ ကျေးဇူးတင်တယ်။              

မေး။  ဟုတ်ကဲ့ပါရှင့်၊ ကာကွယ်‌ဆေး လာမထိုးတဲ့ သူတွေရှိရင်ကော ဘာများပြောချင်သေးလဲရှင့်။ 

ဖြေ။   အော် မထိုးတဲ့လူရှိရင် ဒါတော့သူတို့ခံယူချက်နဲ့ သူတို့ပေါ့လေ၊ ဒါပေမယ့် ကျွန်တော်လည်း အတတ်နိုင်ဆုံးတော့ စည်းရုံး ပြီး ပြောပြတာပေါ့၊ တချို့ကျတော့လည်း အဲလိုဘေးက ‌ကောလဟာလတွေနဲ့‌ ကြောက်တဲ့လူတွေလည်း ရှိတာပေါ့၊ ကျွန်တော်က ကိုယ်တိုင်ထိုးတော့ ကျွန်တော်ဘယ်လို ဘာရောဂါမှ ဘာမှဘေးထွက်ဆိုးကျိုးမရှိဘူး၊ ဆေးထိုးတာကောင်း တယ်ပေါ့၊ အဲတော့ ဒီရောဂါကလောလောဆယ် တန်းပြီးတော့ ပျောက်ကင်းမှာလည်း၊ ပြီးဆုံးမှာလည်း မဟုတ်ဘူးလေ၊ အဲတော့ထိုးတာတော့ ပိုပြီးကောင်းတယ်လို့ ကျွန်တော်ကတော့ စည်းရုံးပြီး ပြောပြတာပေါ့။         
ဟုတ်ကဲ့ပါရှင့်၊ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။     

        ဟုတ်ကဲ့ပါ၊ ကျွန်တော်လည်း ကျေးဇူးတင်ပါတယ်။   

 

တွေ့ဆုံမေးမြန်းသူ -  သူဇာစိုး                                                                            

သတင်းနှင့်ဓါတ်ပုံ ဇေယျာထက် (မင်းဘူး)


No comments:

Post a Comment