Tuesday, September 14, 2021

ဝါးခယ်မမြို့နယ်၌ အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်စတင်ထုတ်လုပ်

 


ဝါးခယ်မ   စက်တင်ဘာ  ၁၄

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ရွာလယ်ရပ်ကွက်၊ မြို့ပတ်လမ်းတွင် အလှူရှင် များစုပေါင်းလှူဒါန်းထားမှုဖြင့် တည်ဆောက်နေသော ရွှေခယ်ဇီဝိတ အောက်ဆီဂျင်ထုတ် စက်ရုံ၌ ယမန်နေ့ ညနေပိုင်းမှစတင်၍ အောက်ဆီဂျင်ထုတ်လုပ်လျက်ရှိကြောင်းသိရ သည်။

အဆိုပါ အောက်ဆီဂျင်ထုတ်လုပ်နေမှုအား အောက်ဆီဂျင်စက်ရုံဖြစ်မြောက်ရေး ဦးဆောင်ဆရာ တော် ဘဒ္ဒန္တဇဝန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာ ရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးအောင်စိုးတို့က ကြည့်ရှု့စစ်ဆေး၍ စက်ဆရာ ဦးကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက အောက်ဆီဂျင်စက်အား စတင်လည်ပတ်ထုတ်လုပ်ခဲ့ရာ (၄၀) လီတာအိုး(၅၀) လုံးရရှိခဲ့ကြောင်း၊ ထုတ်လုပ်ရရှိသော အောက်ဆီဂျင်အိုးများအား လူနာ များအသုံးပြုနိုင် ရန်အတွက်မြို့ နယ်ပြည်သူ့ဆေးရုံ သို့(၂၀)လုံး၊ ကျုံမငေးတိုက်နယ်ဆေးရုံသို့ (၅)လုံး၊ ရွှေလောင်းတိုက် နယ် ဆေးရုံသို့(၃)လုံး၊ ကျွန်းကုန်း ကျေးလက်ကျန်းမာရေးဌာနသို့ (၂)လုံး အသီးသီးဖြန့်ဝေခဲ့ပြီး ကျန်(၂၀) လုံးအား အောက်ဆီဂျင်လိုအပ်သော လူမှုရေးအသင်းဖွဲ့များနှင့် လူနာများအသုံးပြုနိုင်ရန် စက်ရုံတွင် အသင့်ထားရှိကြောင်းနှင့် အောက်ဆီဂျင်စက်ရုံဖြစ်‌မြောက်ရေးကော်မတီအနေဖြင့် ကူးစက်ရောဂါ ကာလအတွင်း အောက်ဆီဂျင်ပြတ်လတ်မှု မရှိစေရန် (၄၀)လီတာအိုး(အခွံ) (၁၀၀)လုံး ဝယ်ယူထားရှိပြီး နေ့စဉ်ထုတ်လုပ်၍ ခွဲဝေဖြန့်ဖြူး သွားမည်ဖြစ်ကြောင်း သိရသည်။

စောသန္တာဦး

No comments:

Post a Comment