မြစ်ကြီးနား စက်တင်ဘာ ၁၄
ကချင်ပြည်နယ်အတွင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နိုင်ငံလက်ရွေးစင် အားကစား သမားများ ပေါ်ထွန်းလာစေရေးတို့အတွက် အားကစားနှင့် ကာယပညာသိပ္ပံကျောင်း ဖွင့်လှစ်နိုင်ရေးနှင့် တိုင်းဒေသကြီး/ပြည်နယ်အားကစားပြိုင်ပွဲပြက္ခဒိန်အတိုင်း အားကစားပြိုင်ပွဲ များတွင် ဝင်ရောက်ယှဉ် ပြိုင်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အားကစားအောင်မြင်မှုများသည် နိုင်ငံတစ်နိုင်ငံ၏ အရည်အသွေးနှင့် ဂုဏ်သိက္ခာကိုဖော်ပြနေဖြင်းဖြစ်၍ ထူးချွန်ထက်မြက်သည့် အားကစားသမားများပေါ်ထွန်းလာ စေရေး အတွက်မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်ကာ စနစ်တကျလေ့ကျင့်ပြုစုပျိုးထောင် သွားရေး၊ ပြည်နယ်၏အားကစားအဆင့်အတန်းမြင့်မားရေးအတွက် ဆပ်ကော်မတီများ၊ ပြည်သူများ အားလုံးပူးပေါင်းပါဝင်လာရန် ကြိုးပမ်းဆောင်ရွက် သွားရေးနှင့်အားကစားသမားများ စနစ်တကျမွေး ထုတ်နိုင်ရေးအားကစားနှင့်ကာယပညာသိပ္ပံ ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားရေး တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်ချက်၊ ရည်မှန်းချက်များ ချမှတ် ဆောင်ရွက် လျက်ရှိသည့်အခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲ ပြက္ခဒိန်အတိုင်း အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု များနှင့် အားကစားနှင့် ကာယပညာသိပ္ပံ(ကချင်) ဖွင့်လှစ်နိုင်ရေး စီမံကိန်းလုပ်ငန်းများ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြရာ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ များက ကျောင်းမြေနေရာရရှိရေး စီမံဆောင်ရွက်နေမှုအပိုင်းနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။
တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲအလိုက်ဆုရရှိနိုင်ရေးအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်ရန်အပိုင်းများနှင့် ကျောင်းဖွင့်လှစ်နိုင်ရေး လိုအပ်သည့် ပြင်ဆင်ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်က ယမန်နေ့ ညနေပိုင်းတွင် ပြည်နယ်အား ကစားကွင်းအတွင်း ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီးနှင့်ပြည်နယ် ပြေးခုန်ပစ်ပြိုင်ပွဲ၊ လက်ဝှေ့ ပြိင်ပွဲ၊ အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးအားကစားပြိုင် ပွဲများတွင် ဝင်ရောက်ယှဉ် ပြိုင်ကြ မည့်အားကစားသမားများအား စခန်းသွင်းလေ့ကျင့်နေမှု အခြေအနေတို့ကို ကြည့်ရှုအားပေး ခဲ့ပြီး နည်းပြများနှင့်အားကစားသမားများအတွက် အားကစားဝတ်စုံများနှင့် ထောက်ပံ့ငွေများကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment