Tuesday, September 14, 2021

နေပြည်တော် သန့်ရှင်းသာယာလှပရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် မြေယာရှုခင်း လုပ်ငန်း များ ဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး

 



နေပြည်တော် စက်တင်ဘာ ၁၄

နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်အဝင် ဆိုင်းဘုတ်အနီး ပန်းအလှပင်များ လဲလှယ်စိုက်ပျိုးခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး ဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှ နေပြည်တော် မြို့အဝင် လမ်းဘေးဝဲ/ယာရှိ မြေယာရှုခင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ရာဇဌာနီလမ်းနှင့် ရာဇသင်္ဂဟ လမ်းဆုံရှိ ကုမုဒြာကြာပန်းအဝိုင်းတွင် ပန်းအလှ ပြုပြင်ခြင်းနှင့် မြေယာရှုခင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

သတင်းစဉ်

No comments:

Post a Comment