ဘားအံ စက်တင်ဘာ ၁၅
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန် ရှိသူများလိုက်ပါလျက် ယမန်နေ့ နံနက် ၁၀ နာရီခန့်က ဘားအံမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်မှုများအား ကွင်းဆင်းကြည့်ရှု့ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီး တိုးချဲ့ ကွက်သစ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၃၁၇၄ ဒသမ ၄၀၀ သိန်းဖြင့် ပြည်နယ်ဖူဆယ်အားကစားကွင်း(၁၆၀' x ၁၃၀' x ၃၀' Steel Structure ) တည်ဆောက်ခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်း ပြီးစီးမှုအား သွားရောက်ကြည့်ရှု့စစ်ဆေးရာ ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်နှင့် တာဝန်ရှိသူများက တည် ဆောက်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ လိုက်လံရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားကွင်း အဝင်/အထွက်လမ်း၊ ရေမြောင်းနှင့်ကားပါကင်တို့ကို စနစ်တကျဆောင်ရွက် ပေးရန်နှင့် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်း ဆောင်ရွက် ကြရန်လမ်းညွှန်မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ လှာကမြင်ကွက်သစ် ဘားအံခရိုင်မီး သတ်စခန်း ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်ရန်ပုံငွေဖြင့် ဝယ်ယူထားသော တရုတ်နိုင်ငံထုတ် HOWO Fire Truck အမျိုးအစား မီးငြိမ်းသတ်ယာဉ်အသစ် ၄ စီး ထပ်မံ ရောက်ရှိနေမှုအား သွားရောက်ကြည့်ရှု့စစ်ဆေးပြီး အမွှေးနံ့သာ ရည်များပက်ဖြန်းပေးကာ သရုပ်ပြမီးငြိမ်း သတ်မှု အား ကြည့်ရှုအားပေးခဲ့ကြသည်။ အဆိုပါမီးငြိမ်းသတ်ယာဉ်များအား ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ဖါပွန် ခရိုင်များသို့ တစ်ခရိုင်လျှင်တစ်စီးစီ ဖြန့်ခွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် လှာကမြင်ကွက်သစ်ရှိ ကရင်ပြည်နယ် အစိုးရ အောက်စီဂျင်စက်ရုံ လည်ပတ်နေမှုနှင့် ပြည်နယ်အတွင်းရှိ ဆေးရုံများ၊ ကိုဗစ်-၁၉ ကုသရေးစင်တာများနှင့် လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ ပရဟိတအသင်းအဖွဲ့များ မှတစ်ဆင့် ဒေသခံတိုင်းရင်းသားပြည်သူများထံ တစ်ရက်လျှင် ၄၀ လီတာဆံ့ ဆလင်ဒါအိုး အလုံး ၁၀၀ ကျော်ကို နေ့စဉ်ဖြန့်ဖြူးပေးနေမှုအခြေအနေများအား သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ပြီး ပိတ်ရက်မရှိ ၅ နာရီမောင်း တစ်နာရီနားစနစ်ဖြင့် စေတနာရှေ့ထား၍ ကြိုးပမ်း ဆောင်ရွက် ပေးကြရန် ၊ (၂)ခန်းတွဲသန့်စင်ခန်းတစ်လုံးဆောက်လုပ်ပေးရန်၊ အုပ်ချုပ်ထောက်ပံ့မှုကိစ္စရပ်များ ကို အချိန်နှင့်တစ်ပြေးညီ တင်ပြကြရန် နှင့် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွေးမြူရေးကိုအခြေခံ၍ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက် နိုင်ရန် ဘားအံစက်မှုဇုန်အနီး၌ မွေးမြူရေးဇုန်ဖော်ထုတ်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးရာ ကရင်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနညွှန်ကြားရေးမှူး ဦးအောင်နိုင်ထွန်းနှင့်တာဝန်ရှိသူများက ဘားအံမွေးမြူရေးဇုန် မြေသားလမ်းဖောက်လုပ်ခြင်း၊ Box Culvert နှင့် Pipe Culvert များ ထည့်သွင်းဆောင်ရွက်နေခြင်းတို့အား ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က မြေသားလမ်း ဘေးဝဲယာတွင် ရေမြောင်းများ စနစ်တကျ ဖောက်လုပ် ပေးနိုင်ရေး၊ အရိပ်ရပင်များစိုက်ပျိုးရေးနှင့် လိုအပ်သည့်ယာဉ်ယန္တရားများအား တင်ပြတောင်း ခံနိုင်ရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း

No comments:
Post a Comment