Wednesday, September 15, 2021

မိုးညှင်းမြို့၌ အောက်ဆီဂျင်စက်ပစ္စည်းများ တင်ဆောင်လာသည့်ကား မန္တလေးမှစတင်ထွက်ခွာ

 


မိုးညှင်း   စက်တင်ဘာ   ၁၅

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ အခမဲ့အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန် အတွက် ဒေသခံမြို့သူမြို့သားများ၊ လုပ်ငန်းရှင်များ၊ စေတနာအလှူရှင်များနှင့် အခြားနယ်ဝေးမှ အလှူရှင်များ စုပေါင်းလှူဒါန်း‌ငွေဖြင့် မှာယူထားသော အောက်ဆီဂျင်စက်ပစ္စည်းများတင် ဆောင်လာသည့်ကားမှာ ယမန်နေ့ နံနက်ပိုင်းတွင် မန္တလေးမှ စတင်ထွက်ခွာလာ ပြီဖြစ် ကြောင်းသိရသည်။

အဆိုပါ အောက်ဆီဂျင်စက်နှင့် ဆက်စပ်ပစ္စည်းများကို ကိုဗစ်−၁၉ ကူးစက်မြန်ရောဂါ ကာကွယ်ထိန်း ချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မိုးညှင်းမြို့၊ အောင်သ ပြေရပ်ကွက်၊ လမ်းသွယ် (၃) နေရာ၌ အောက်ဆီဂျင်စက်ထားရှိနိုင်ရေး တည်ဆောက်ဆဲနေရာတွင်  အောက်ဆီဂျင်စက်ရုံအဖြစ် တပ်ဆင်ထားရှိသွားမည်ဖြစ်ရာ အောက်ဆီဂျင်စက်ပစ္စည်း၏ တန်ဖိုးငွေကျပ် သိန်းပေါင်း(၉၅၀)ခန့်ရှိ O2 plant 30nm3/hr စက်အမျိုးအစားဖြစ်၍ (၄၀) Litre ဆံ့အောက်ဆီဂျင်အိုးကို တစ်နာရီမှာ ငါးလုံးနှုန်းဖြင့် တစ်ရက်လျှင် အောက်ဆီဂျင်အိုးအလုံးရေ (၁၂၀)လုံး ထုတ်လုပ်နိုင်မည်ဖြစ်‌ကြောင်း၊ ထိုစက်ရုံရာနှုန်းတည်ဆောက်တပ်ဆင်ပြီးစီးပါက မိုးညှင်းမြို့နယ်အပြင် မြို့နယ်နှင့်နီးစပ်သည့် အခြား ဒေသများမှ အရေးပေါ်အောက်ဆီဂျင် လိုအပ်သည့် ပြည်သူများအတွက် အောက်ဆီဂျင်လုံ လောက်စွာ ရရှိနိုင်‌တော့မည်ဖြစ်ကြောင်း၊ စက်လည်ပတ်‌နေစဉ်အတွင်း အရေးပေါ်အောက်ဆီဂျင် လိုအပ်သူများအ နေဖြင့် အချိန်မရွေး အခမဲ့လာရောက်လေဖြည့်သွင်းနိုင်ပါကြောင်း မိုးညှင်းမြို့ အောက်ဆီဂျင် စက်ရုံဖြစ် မြောက်ရေး အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးအောင်ဆန်းဌေးထံမှ သိရသည်။

No comments:

Post a Comment