Saturday, September 11, 2021

နေပြည်တော် ဇမ္ဗူသီရိနှင့် ပျဉ်းမနားမြို့နယ်များအတွင်း သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပရေး လုပ်ငန်း ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

 


နေပြည်တော် စက်တင်ဘာ ၁၀

နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည်  ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက် သီရိရတနာ အဆင့်မြင့်ဈေးဆိုင်ခန်းများ ပတ်ဝန်းကျင် လမ်းဘေး ဝဲ/ယာ မြက်ချုံနွယ်များ ရှင်းလင်းဆောင်ရွက်နေမှုကိုလည်းကောင်း၊  ပျဉ်းမနားမြို့ရှိ မင်္ဂလာရပ်ကွက်၊

ဗိုလ်တောက်ထိန်လမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာ ကွန်ကရစ်လမ်း တိုးချဲ့ခြင်းလုပ်ငန်း ဆောင်ရွက် နေမှုကိုလည်းကောင်း၊ ရွှေချီရပ်ကွက် အ.ထ.က(၁)အနီး လမ်းဘေးတစ်လျှောက် စည်းကမ်းမဲ့ အမှိုက်များ စနစ်တကျ စွန့်ပစ်သိမ်းဆည်းနိုင်ရန် အလျားပေ(၂၀)၊ အနံ(၈)ပေနှင့် အမြင့် (၅)ပေ အရွယ်အစားရှိ အမှိုက်ကန်ထားရှိမည့်နေရာတွင် ကွန်ကရစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ ကင်ပွန်းတန်းအုပ်စု အာဟာရသုခဈေးမှ သကြားစက်သွား လမ်းဘေးရှိ စွန့်ပစ် အမှိုက်ပုံများ သိမ်းဆည်းနေမှု ကိုလည်းကောင်း၊ မင်္ဂလာရှမ်းကန်ပတ်ဝန်းကျင် သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပရေး ဆောင်ရွက်ထားမှုအခြေအနေများကိုလည်းကောင်း၊ ရာဇဌာနလမ်းမကြီးနှင့် စိန်ချယ်လမ်း လမ်းဆုံတွင် Box Culvert (၁)စင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုလည်းကောင်း ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment