Tuesday, September 14, 2021

ကျိုင်းတုံတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်အတွက် အောက်ဆီဂျင်အိုးများ လှူဒါန်း


ကျိုင်းတုံ စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်၊ အရှေ့ပိုင်း၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးနှင့် အမှတ်(၃) ကုတင် (၃၀၀) တပ်မတော်ဆေးရုံ တွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများအတွက် အထောက်အကူ ဖြစ်စေရန်အတွက်  အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းပွဲကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၂ နာရီက ကျိုင်းတုံ ပြည်သူ့ဆေးရုံကြီး၌ ပြုလုပ်သည်။

ရှေးဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းက ကိုဗစ်-၁၉ အတည်ပြု လူနာများကုသပေးရာတွင် အထောက်အကူဖြစ်စေရန် အောက်ဆီဂျင်အိုးများ ပေးအပ်လှူဒါန်းရခြင်း ဖြစ်ကြောင်း ပြောကြားပြီး  ကျိုင်းတုံပြည်သူ့ဆေးရုံကြီးအတွက် ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး အလုံး ၅၀၊ အမှတ်(၃)ကုတင်(၃၀၀) တပ်မတော်ဆေးရုံအတွက်  ၄၀ လီတာဆံ့ အောက်ဆီဂျင်အိုး အလုံး ၅၀ ပေးအပ်လှူဒါန်းကာ ကျန်းမာရေးဝန်ထမ်းအတွက် ကြက်ဥ အလုံး ၁၀၀၀ ချီးမြှင့် ထောက်ပံ့ ပေးသည်။

ယင်းနောက် ရှမ်းပြည်နယ်၊ အရှေ့ပိုင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီမှ ကျိုင်းတုံမြို့နယ်အတွင်း Positive Center များနှင့်  Quarantine Center များတွင် တာဝန် ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအတွက် ခေါက်ဆွဲခြောက်၊ ဆီ၊ ငါးသေတ္တာဗူးများ ချီးမြှင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)

No comments:

Post a Comment