Monday, September 13, 2021

မြင်းခြံမြို့နယ် ဒေါင်းအင်းရှင်ဒေါင်းမအင်းတွင် ရေလုပ်သားများအား အခြေခံငါးမွေးမြူရေး သင်တန်း ဖွင့်လှစ်

 

မြင်းခြံ စက်တင်ဘာ ၁၂

မြင်းခြံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒေသတွင်းငါးမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးချဲ့ လုပ်ကိုင်ခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး၊ ဒေသအတွင်း ငါးရိက္ခာများ ပိုမို စားသုံးနိုင်စေရေးတို့အတွက် မြင်းခြံ မြို့နယ် ထနောင်းကုန်းရွာရှိ ဒေါင်း ( အင်း ရှင်ဒေါင်းမအင်းတွင် အခြေခံငါးမွေးမြူရေးနှင့်ဆေးထိုးသားဖောက်သင်တန်းကို စက်တင်ဘာ ၁၁ ရက် မှ ၁၂ ရက်အထိ ဖွင့်လှစ်ပို့ချခဲ့သည်။

အဆိုပါသင်တန်းတွင် ခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးထွန်းတင်က ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက် နေသည့် ငါးသယံဇာတထိန်းသိမ်း ရေးလုပ်ငန်းများ၊ငါးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးဆောင်ရွက် နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်စပယ်လှိုင်ကငါး မွေးမြူရေးနှင့် ပတ်သက်သည့် အခြေခံအချက်အလက်များနှင့် ပတ်သက်၍ လည်းကောင်း၊ လက်ထောက်ဦးစီးမှူး ဒေါ်တည်ငြိမ် အေးက တားမြစ်ထားသည့် ငါးဖမ်း ကိရိယာများအကြောင်း၊ သဘာဝ သယံဇာတများကို ထိခိုက်စေနိုင်သော ဒေသရင်းမဟုတ်သည့် ငါးမျိုးများ ရောင်းဝယ်ခြင်း၊ သားဖောက် မွေးမြူခြင်း၊ သယ်ယူပို့ဆောင် ခြင်း မပြုလုပ်ရန် တားမြစ်ထားခြင်း စသည်တို့ကို ဟောပြောပို့ချ ပြီး ရေလုပ်သားများ ကလည်း သိလိုသည်များ ပြန်လည်ဆွေးနွေးခြင်းများကို ဆောင်ရွက်သည်။ သင်တန်းသို့ ရေလုပ်သား ၂၀ တက်ရောက် ကြောင်းသိရသည်။

သတင်းစဉ်

No comments:

Post a Comment