Monday, September 13, 2021

ဆည်ရေသောက်စနစ်မြှင့်တင်ပြုပြင်ခြင်းဖြင့် တောင်သူစီးပွားတိုးပွားစေမည်

 



(ယမန်နေ့မှအဆက်)

ထို့ပြင် ရေလှောင်တမံများ ဘေးကင်းလုံခြုံမှုရှိစေရန်နှင့် အောက်ဘက်ရှိမြို့ပြ ကျေးရွာ များအန္တရာယ်ကင်းစေရန်အတွက် (Dam Safety) လုပ်ငန်းစဉ်များကို စနစ်တကျ ရေးဆွဲဆောင်ရွက်လျက်ရှိသည့်အပြင် ကြံ့ခိုင်မှုစစ်ဆေးခြင်းကိုလည်း နေ့စဉ်၊ အပတ်စဉ် ပုံမှန်စစ်ဆေးမှုများဖြင့် ပြုလုပ်လျက်ရှိသည်။ နှစ်စဉ်မိုးရာသီ မတိုင်မီ ကွင်းဆင်းစစ် ဆေးရေးအဖွဲ့လေးဖွဲ့ဖြင့် အရေးကြီးသော ရေလှောင်တမံ များကို ဦးစားပေးအလိုက် ကွင်းဆင်းစစ်ဆေးကာ အားနည်းချက်ရှိသည့်နေရာများ ရှာဖွေဖော်ထုတ်ပြီးကြံ့ခိုင်မှုရှိ စေရန် အချိန်မီပြုပြင်လျက်ရှိသည်။

ရေဘေးကာကွယ်ရေးတာများပြုပြင်

မိုးရာသီကာလ ရေဘေးကာကွယ်ရေးတာများ ပြုပြင်ထိန်းသိမ်း ခြင်းနှင့်ပတ်သက် သည့်သရုပ်ပြပွဲများကို နှစ်စဉ်ပြုလုပ်၍ ပြည်သူထံ အသိပညာပေးလျက်ရှိသည်။ ဇွန်လပထမပတ်မှစတင်ပြီး အရေးပေါ်ပစ္စည်းများ စုဆောင်းခြင်းလုပ်ငန်းကို ဆောင်ရွက် သကဲ့သို့ အကယ်၍ မြစ်ရေကြီးမှုဖြစ်ပေါ်ပါက အချိန်နှင့် တစ်ပြေးညီ သိရှိရန် ၂၄ နာရီ ကင်းလှည့်စောင့်ကြည့်မည့် အစီအမံများကိုဆောင်ရွက်ထား သည်။

ရေကင်းတဲများတာမိုင်(၄)မိုင်တွင်(၁)လုံးတည်ဆောက်ထားရှိကာ စောင့်ကြည့် သွားမည် ဖြစ်သလို စိုးရိမ်ရေမှတ်ရောက်သည်နှင့် တာမိုင် (၂)မိုင်တွင်ကင်းတဲတစ် လုံးစီ ထပ်မံထည့်သွင်းတည်ဆောက်၍ အချိန်ပြည့်ကင်းလှည့်စောင့်ကြည့်ပြီးထိန်း သိမ်းစောင့် ရှောက်လျက်ရှိသည်။

ဆည်တာတမံများ ကြံ့ခိုင်ရေးကို အလေးထားဆောင်ရွက်နေပြီး တစ်ဖက်မှလည်း တမံအောက်ဘက်ဒေသများတွင် တမံရေကြီးမှု ကြုံတွေ့လာပါက ဒေသနေပြည် သူများကို ဘေးအန္တရာယ်ကင်းရှင်းသည့် ရေလွတ်နေရာများသို့ ရှာဖွေပို့ဆောင်ပေး နိုင်သည့် Flood Hazard Map များကိုတောင်နဝင်း၊ ကညင်၊ မမြ၊ သုံးဆယ်၊ မုက္ခာ၊ ဆွာချောင်း၊ ဘောနီ၊ သဲကော၊ မာလဲနတ်တောင်၊ မြောက်ယမား၊ ဆင်သေနှင့် ငလိုက်စသည့် ရေလှောင်တမံ ၁၂ ခုတွင် ရေးဆွဲထားရှိပြီးဖြစ်သည်။

တမံအောက်ဘက်ဒေသများ ဘေးအန္တရာယ်ကြုံတွေ့ပါက အလျင်မြန်ဆုံး ဘေးလွတ်ရာသို့ စီမံဆောင်ရွက်ပေးနိုင်မည့် အရေးပေါ်အခြေအနေ ကြိုတင်စီမံ ခန့်ခွဲမှုစီမံချက်ကိုလည်း ရေလှောင်တမံနှင့် ရေဘေးကာကွယ်ရေးတာတစ်ခုချင်း အလိုက် ရေးဆွဲထားပြီး လိုက်နာဆောင် ရွက်လျက်ရှိသည်။

 

အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက်အရ အရေးပေါ်အခြေအနေ အဆင့်သုံးဆင့် သတ်မှတ်ထားပြီးတော့ အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်အလံ တွေကို ရေလှောင်တမံ၊ ရေဘေး ကာကွယ် ရေးတာတွေနဲ့ ကျေးရွာအုပ်ချုပ် ရေးမှူးရုံးမှာ စိုက်ထူပြီးတော့ ပြည်သူတွေကို အသိပေးနိုင်အောင် ဆောင်ရွက်ထား တယ်။ အဓိကကအရေးပေါ်အခြေအနေဖြစ်ပေါ်မယ်ဆိုရင် လျင်လျင်မြန်မြန်တုန့် ပြန်ဆောင် ရွက်တတ်ဖို့၊ ထိခိုက်မှုအနည်းဆုံးဖြစ်ဖို့အထိ ဆက်သွယ်ရေးလမ်း ကြောင်းကအစ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေ အထိပါအောင် ရေးဆွဲထားတယ်။ ဒါတွေကို ပြည်သူတွေ သိအောင်၊ ပါဝင်ဆောင် ရွက်တတ် အောင်အသိ ပညာပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါတယ်ဟု ဆည် မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ရှင်းပြသည်။

ကြံ့ခိုင်မှုအားဖြည့်ဆောင်ရွက်

ရေလှောင်တမံများ၏ ငလျင်ဒဏ်ခံနိုင်ရည်ရှိမှုကို ယနေ့ခေတ် အခြေအနေနှင့် ကိုက်ညီသည့် အချက်အလက်များကို အသုံးပြုကာ ခေတ်မီနည်းပညာဖြင့်ပြန်လည် တွက်ချက်ပြီး ကြံ့ခိုင်မှုအားဖြည့်ဆောင်ရွက်ခြင်းများကို ရဲနွယ်တမံနှင့် မုန်းတမံတို့ တွင်ကနဦး စတင်နိုင်ရန် စီမံဆောင်ရွက်နေပြီဖြစ်သည်။

ရာသီဥတုထူးကဲစွာပြောင်းလဲမှုဖြစ်စဉ်များကြောင့် မိုးရွာသွန်းမှု နည်းပါးပြီးဆည် အတွင်း ရေဝင်နည်းပါး၍ စိုက်ပျိုးရေမလုံလောက်မှု များကြုံတွေ့နေရသဖြင့် စိုက်ပျိုးရေးကို အကျိုးထိရောက်စွာ ပေးဝေနိုင်ရန်၊ အလေအလွင့်နည်းပါးစေရန် ဆည်ရေသောက် ဧရိယာများတွင် ဆည်ရေပေးဝေမှု တိုးတက်ခေတ်မီရေးနှင့်ဆည် မြောင်းဆိုင်ရာ သုတေသနစီမံကိန်းကို (Pilot Areas) ရှေ့ပြေးဧရိယာများ သတ်မှတ်ဆောင်ရွက်လျက် ရှိသည်။ ယခု ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ဆည်ရေ ပေးဝေမှု တိုးတက်ခေတ်မီရေးနှင့် ဆည်မြောင်းဆိုင်ရာ သုတေသန လုပ်ငန်းစီမံ ကိန်းများအနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေး၊ မကွေးနှင့် ပဲခူးတိုင်း ဒေသကြီးအတွင်း ဆည်ရေသောက်စနစ် ၁၂ ခုတွင် ကွက်ဆင့်သောက် လယ်မြေဧက ၆၉၀၀ အား(Topographic Survey )တိုင်းတာခြင်း၊ ကွင်းမြေပုံထုတ် ခြင်း၊ ပုံစံထုတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ပေါင်းလောင်း၊ ချောင်းမငယ်၊ မဲဇလီဆည်၊ မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေးနှင့် မြောက်နဝင်းဆည်ရေသောက် ငါးခုရှိရှေ့ပြေး ဧရိယာ ၂၁၇၁ ဧကအတွင်း တူးမြောင်း၊ ရေနုတ်မြောင်းများတူးဖော်ခြင်း၊ လယ်ကြားရေပေးမြောင်းများတူး ဖော်ခြင်း၊ ရေထုတ်ပေါက် ရေတံခါးများ တပ်ဆင်ခြင်းလုပ်ငန်းများကိုလျာထား ဆောင်ရွက်လျက်ရှိ သည်။

လိုအပ်ချက်အလိုက်ဦးစားပေး

 ထိုကဲ့သို့ ဆည်တာတမံများ ကြံ့ခိုင်ကောင်းမွန်အောင် ပြုပြင်ထိန်းသိမ်းခြင်း၊ ရေသောက် စနစ်များအဆင့်မြှင့်တင်ဆောင်ရွက်ခြင်းနှင့် ရေစီမံခန့်ခွဲမှုစနစ်ပိုမိုတိုး တက်ကောင်းမွန် စေရန် ဆောင်ရွက်ခြင်း၊ တောင်သူများအတွက် မရှိမဖြစ် လိုအပ် သည့်စိုက်ပျိုးရေရရှိ ရေးလုပ်ငန်းများ၊ မြို့ရွာများနှင့် စိုက်ပျိုးပြီးသီးနှံများ ရေကြီးနစ် မြုပ်မှုမရှိစေရေးအတွက် ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ဒေသစိမ်း လန်းစိုပြည်ရေးနှင့် သောက်သုံးရေ ရရှိရေးလုပ်ငန်းများကို လိုအပ်ချက်အလိုက် ဦးစားပေး အကောင်အထည်ဖော်ဆောင် ရွက်ရင်းဖြင့်  ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနသည် ပြည်သူတို့၏ အကျိုးစီးပွား၊ ဒေသခံတောင်သူများ၏ အကျိုးစီးပွားကို ကြိုးစားဖော်ဆောင်လျက်ရှိ ပါကြောင်း တင်ပြလိုက်ရပါသည်။

ရွှေယွန်းစံ

No comments:

Post a Comment