Monday, September 13, 2021

လယ်ယာကဏ္ဍဖွံ့ဖြိုးရေးတွင် မြန်မာ-ဂျပန် ပုဂ္ဂလိကကဏ္ဍပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးဆွေးနွေး

 



နေပြည်တော် စက်တင်ဘာ ၁၂

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးအား ဂျပန်နိုင်ငံ ဂျပန်- မြန်မာအသင်းဥက္ကဋ္ဌ H.E. WATANABE Hideo နှင့်အဖွဲ့သည် ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံသည်။

ခင်မင်ရင်းနှီးစွာ ဆွေးနွေး

တွေ့ဆုံစဉ် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးတွင် မြန်မာ- ဂျပန်ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနှင့် အရည်အသွေးမြင့် စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ ထုတ်လုပ်ရေးနှင့် ဈေးကွက်ဖော်ဆောင်ရေးဆိုင်ရာကိစ္စရပ်များကို ခင်မင်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

သတင်းစဉ်

No comments:

Post a Comment