Thursday, September 9, 2021

ကိုကိုးကျွန်းမြို့နယ်သို့ ခရီးသည်နှင့်ကုန်ပစ္စည်းများ ပို့ဆောင်‌လေယာဉ် ပုံမှန်‌ရောက်ရှိ


 




ကိုကိုးကျွန်း စက်တင်ဘာ

 

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့ နယ်သို့ ကုန်ပစ္စည်း ကုန်တန်ချိန် (၂၈) ကီလိုဂရမ်နှင့် ခရီးသည် (၃၀)ဦး တင်ဆောင်လာသော တပ်မတော်ပိုင် လေယာဉ်သည် ယမန်နေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံ တပ်မတော်ပိုင် လေဆိပ်မှ ထွက်ခွာလာရာ ကိုကိုးကျွန်း လေဆိပ်သို့ နံနက်() နာရီအချိန် တွင် ရောက်ရှိခဲ့သည်။

 

ထိုလေယာဉ်တွင် တင်ဆောင်လာသော ကုန်ပစ္စည်းနှင့်ခရီးသည်များအား ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့် အညီ ကျန်းမာရေး ဝန်ထမ်းများက စစ်ဆေးမှုများ ပြုလုပ်ခြင်း၊ ကုန်ပစ္စည်းများအား ပိုးသတ်ဆေးဖျန်းခြင်း များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် လေယာဉ်တွင်ပါရှိလာသူများအား Quarantine တွင် ထားရှိရန် ဆေးရုံကားဖြင့်တင်ဆောင်၍ Quarantine centre အဖြစ် သတ်မှတ်ထားသော မြို့နယ်ရိပ်သာသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် Quarantine Centre တွင်(၁၄)ရက် ထားရှိမည်ဖြစ်ကြောင်း သိရသည်။

 

 

အဆိုပါ လေယာဉ်သည် ကုန်တန်ချိန် (၁၀၀၀) ကီလိုဂရမ်နှင့်ခရီးသည်(၂၈)ဦးတင်ဆောင်၍ ကိုကိုးကျွန်း လေဆိပ်မှ နံနက်(၁၀)နာရီအချိန်တွင်ပြန်လည် ထွက်ခွာသွားကြောင်းနှင့် အဆိုပါလေယာဉ်ခရီးစဉ်သည် ကိုကိုးကျွန်းမြို့နယ်သို့ တစ်လနှစ်ကြိမ်နှုန်းဖြင့် ပုံမှန် အခမဲ့ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment