Thursday, September 9, 2021

ပဲခူးမြို့ ကျုံးကူးတံတား တည်ဆောက်မှု ၉၆ ရာခိုင်နှုန်းပြီးစီး

 




ပဲခူး စက်တင်ဘာ ၉

ပဲခူးမြို့ရှိ သမိန်ဗရမ်းလမ်း၊ ဆံတော်တွင်းလမ်းမှ မဂ္ဂတစ်လမ်း သို့ ဆက်သွယ်ထားသော လမ်းတွင်ရှိသည့် ပဲခူးမြို့ကျုံးကူးတံတားအား တည်ဆောက်လျက်ရှိရာ ၉၆ရာခိုင်နှုန်းပြီးစီးနေ ပြီဖြစ်ကြောင်း သိရသည်။

ပဲခူးမြို့ သမိန်ဗရမ်းလမ်း-ဆံတော်တွင်းလမ်း မဂ္ဂတစ်လမ်းသို့ ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ ကျုံးကူးတံတားသည် ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၁၅၆.၈၄၃)သန်း၊ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် (၁၆၂၀)သန်း၊ စုစုပေါင်းကျပ်သန်း(၁၇၇၆.၈၄၃)သန်းဖြင့် (၁-၄-၂၀၂၀ ) (၂၀၁၉/၂၀၂၀ ဘဏ္ဌာရေး) ခုနှစ်တွင် စတင်တည်ဆောက်ပြီးတံတားဦးစီးဌာန၊ တည်ဆောက်ရေး (၃)၊ တံတားအထူး အဖွဲ့(၉)မှ တာဝန်ယူကူကာ တံတားအရှည် (၂၁၀)ပေ၊ယာဉ်သွားလမ်းအကျယ် (၂၄)ပေ၊ လူသွားလမ်း အကျယ်တစ်ဖက်လျှင်(၃ပေ၆လက္မ) ၈ပေရှိ ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ် တံတား အမျိုးစားဖြစ်ပြီး၃၀.၉.၂၀၂၁(၂၀၂၀/၂၁) ခုနှစ်ဘဏ္ဌာရေးနှစ်တွင်အပြီး တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တံတားတည်ဆောက်ခြင်းဖြင့် မြို့တော်အင်္ဂါရပ်နှင့် အညီလမ်းတံတား များဖွံ့ဖြိုး တိုးတက်ရန် ပဲခူးမြို့ပတ်ဝန်းကျင်လမ်း ကွန်ယက်ချိတ်ဆက်မှုအား ကောင်းရန်၊ပြည်သူများနေ့စဉ်ဘဝလှုပ်ရှားသွားလာရာတွင် လွယ်ကူ ချောမွေ့ပြီး၊ မြို့တွင်းယာဉ်ကြောရှုပ်ထွေးမှုများကိုလည်း ဖြေလျော့ ပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဌေးဌေးကြည်

 

No comments:

Post a Comment