Friday, September 3, 2021

ဆိပ်ဖြူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်း အုတ်တံတားတိုင်းများ ပြိုကျပျက်စီး

 




ဆိပ်ဖြူ စက်တင်ဘာ  

 

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် စက်တင်ဘာလ ၂ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂွေးပင်ကျေးရွာအုပ်စု၊ ထန်းပင်ချောင်းကျေးရာ၌ အခြေခံပညာအလယ်တန်းကျောင်းဝန်း အုတ်တံတိုင်းနှင့် ကျေးရွာရှိ ဘုန်းကြီးကျောင်းဝန်း အုတ်တံတိုင်းများပြိုကျပျက်စီးမှုရှိကြောင်း သိရသည်။

 

အဆိုပါ ပျက်စီးမှုဖြစ်စဉ်များအား မြို့နယ်ရဲတပ်ဖွဲ့မှူး ဇော်မင်းဦးနှင့်အဖွဲ့မှ သွားရောက်ကြည့်ရှုခဲ့ရာ အခြေခံပညာ အလယ်တန်းကျောင်းဝန်း စာသင်ကျောင်း အရှေ့ဘက်အုတ်တံတိုင်း အမြင့် (၆)ပေ၊ အရှည် (၁၆၂)ပေခန့်နှင့် သီရိသုခ ဘုန်းတော်ကြီးကျောင်း၏ အရှေ့ဘက် အုတ်တံတိုင်း အမြင့် (၆)ပေ၊ အရှည် (၈၄) ပေခန့် ပျက်စီးဆုံးရှုံးမှုရှိကြောင်း၊ ရွာသည် ဆိပ်ဖြူမြို့မှ (၁၀)မိုင်ခန့်ကွာဝေးပြီး ဆိပ်ဖြူ-ဆောလမ်းမပေါ် တွင်တည်ရှိပြီး မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် လမ်းမပေါ်ရှိရေကျော်ချောင်းမှ ရေများရွာတွင်းစီးဝင်မှု ဖြစ်ပြီး ရေတိုက်စားခံရ၍ ရေစီးဆင်းမှုအားကြောင့် ပျက်စီးဆုံးရှုံးမှု ဖြစ်ကြောင်း သိရှိရသည်။

 

ကိုမျိုး (ယောဧရာ)

 

No comments:

Post a Comment