မေတ္တာ စက်တင်ဘာ ၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ယမန်နေ့ ညနေ ၅ နာရီ ၂၀ မိနစ် အချိန်က ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်း မှတဆင့် နေရပ်ပြန် မြန်မာရွှေ့ပြောင်း အလုပ်သမားများ ပြန်လည်ဝင်ရောက်လာကြောင်း သိရသည်။
အဆိုပါအလုပ်သမားများသည် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့်
ပြစ်ဒဏ် ကျခံရသူများဖြစ်ပြီး ပြန်လည်လွတ်မြောက် လာသူဖြစ်ကြောင်း ယမန်နေ့ စက်တင်ဘာလ ၃ ရက်နေ့က ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန၊ ဒုတိယပြည်နယ်မှူး Mr-Sucha Sannam က
ထီးခီးနယ်စပ်ကုန်သွယ်ရေး စခန်းတွင်
လာရောက်လွှဲပြောင်းပေးရာ တာဝန်ရှိသူများက ကိုဗစ်-၁၉-ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ
ပြန်လည် လက်ခံခဲ့ကြောင်း
မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းက
ပြောသည်။
အဆိုပါ ဝင်ရောက်လာသူများသည်
အမျိုးသား ၄၄ ဦးနှင့် အမျိုးသမီး ၂၄ ဦး၊ စုစုပေါင်း ၆၈ ဦးတို့ဖြစ်ပြီး ရာသီဥတုအခြေအနေအရ မေတ္တာမြို့ မိုးလုံလေလုံခန်းမ၌
တစ်ညအိပ် ရပ်နားစေပြီး ယနေ့တွင်
ထားဝယ်မြို့ Quarantine Centre သို့ဆက်လက်ပို့ဆောင်ပြီး
အသွားအလာ ကန့်သတ်ထားရှိသွားမည်
ဖြစ်ကြောင်း သိရသည်။
နန်းခလိုက်(မေတ္တာ)
No comments:
Post a Comment