Wednesday, September 8, 2021

သီပေါမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများ နေအိမ်များအတွင်းသို့ဝင်ရောက်

 


သီပေါ စက်တင်ဘာ ၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ ကျောက်မဲခရိုင် ၊ သီပေါမြို့နယ်အတွင်း ယမန်နေ့နံနက်ပိုင်းက မိုးများ သည်းထန်စွာရွာသွန်းမှုကြောင့် နမ့်မော်ဆွေကျေးရွာအုပ်စု၊ နောင်နင်းကျေးရွာအတွင်း တောင်ကျရေများ ကျဆင်းပြီး ကျေးရွာအတွင်း စီးဆင်းသည့် ချောင်းရေလျှံကာ နေအိမ်များအတွင်းသို့ ရေများဝင်ရောက် ခဲ့ကြောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ထိုသို့တောင်ကျရေများကျဆင်း၍ ချောင်းရေလျှံမှုကြောင့် နောင်နင်းကျေးရွာအတွင်း အနိမ့်ပိုင်း နေရာရှိ လူနေအိမ်(၆)လုံးခန့်အတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ကာ နေအိမ်အတွင်းမှပရိဘောဂပစ္စည်း အချို့နှင့် စားသောက်ကုန်ပစ္စည်းအချို့ ရေထဲသို့ မျှောပါသွားခဲ့ကြောင်းသိရသည်။

အဆိုပါ  မိုးသည်ထန်စွာရွာသွန်းမှုကြောင့် ၂၀၁၈ခုနှစ်ကတည်ဆောက်ထားသောပေ(၁၀၀)ရှိရေထိန်း နံရံ၏အလယ်မှ ပေ(၂၀)ခန့် ပြိုကျပျက်စီးသွားခဲ့ပါကြောင်း၊ လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိပါကြောင်း ၊ အလားတူ နမ့်လန်ကျေးရွာအုပ်စု ၊ ကောင်းလန်းရပ်ကွက် အတွင်းသို့လည်း ရေများဝင်ရောက်လျက် ရှိကြောင်း သိရသည်။

ခင်လေး ( သီပေါ ၊ ပြန်/ဆက်)

No comments:

Post a Comment