Wednesday, September 8, 2021

မချမ်းဘော့မြို့၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၀န်ထမ်းများအား ငွေသားနှင့်အခြေခံစားသောက် ဖွယ်ပစ္စည်း ထောက်ပံ့ပေးအပ်


မချမ်းဘော့   စက်တင်ဘာ ၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့၌ ကချင်ပြည်နယ်၀န်ကြီးချုပ်ခရီးစဉ်တွင်ပေးအပ်ခဲ့သော ထောက်ပံ့ငွေအား ၀န်ထမ်းများလက်၀ယ်သို့ပ ေးအပ်ခြင်းကို ယမန်နေ့ ညနေ ၂ နာရီက အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ခန်းမတွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ငွေသည် ၂၄-၈-၂၀၂၁ ရက်နေ့တွင် ပူတာအို-မချမ်းဘော့  ကချင်ပြည်နယ်၀န်ကြီး ချုပ်ခရီးစဉ်တွင် ကချင်ပြည်နယ်၀န်ကြီးချုပ်မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၀န်ထမ်းများအတွက် ထောက်ပံ့ပေး အပ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါထောက်ပံ့ငွေကျပ် ၅သိန်း(ကျပ်ငါးသိန်း)အား မြို့နယ်အုပ်ချုပ် ရေးမှူးမှတဆင့် ၀န်ထမ်းတစ်ဦးလျှင် ကျပ် ၁၄၀၀၀ နှုန်းဖြင့် စုစုပေါင်း၀န်ထမ်း၃၄ဦး လက်၀ယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေယံမင်းသွင်မှ ၀န်ထမ်းတစ်ဦးလျှင် ကြက်ဥ(၁၀)လုံးစီထောက်ပံ့ ပေးခဲ့ကာ ၀န်ထမ်းများအား ရုံးလုပ်ငန်းများဆောင်ရွက်၍ သွားလာရာတွင် လုံခြုံရေးအသိလုံခြုံ ရေးသတိဖြင့် သွားလာကြရန်နှင့် ရုံးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment