မွန်ပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သောဌာန/အဖွဲ့အစည်းများ၏ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာငွေ အရသုံးလျာထားချက်အပေါ် အောက်တိုဘာလမှ ဩဂုတ်လအထိ အကောင်အထည် ဖော်နိုင်မှုနှင့် ဘဏ္ဍာရေးနှစ်အလွန် အသုံးစရိတ်များတင်ပြခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်၁၀နာရီက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက ပြောင်းလဲသည့်ကာလ အနေအထားများကြောင့်ငွေထုတ်ယူမှု
အခက်အခဲများ တွေ့ရကြောင်း၊ ဌာနအဖွဲ့အစည်း အကြီးအကဲ အပြောင်းအလဲရှိသည့် အနေအထားတွင်
အခက်အခဲများရှိကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့်
နိုင်ငံတော်၏ ထောက်တိုင်များဖြစ်သည့်အားလျော်စွာ
ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ ဆောင်ရွက်ပေးရန်လိုကြောင်း၊ လက်ရှိဘဏ္ဍာရေးနှစ် ကုန်ဆုံးရန် တစ်လသာကျန်ရှိကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်သွားရန်လိုကြောင်း အဖွင့်အမှာ စကားပြောကြားသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာ၀န်ကြီး နိုင်လယိတမက အမှာစကားပြောကြားပေးပြီး မွန်ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊
ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးက ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏
၂၀၂၀-၂၀၂၁ခု ဘဏ္ဍာငွေ အရသုံးလျာထားချက် တွင် အောက်တိုဘာလမှ ဩဂုတ်လအထိ အကောင်အထည်ဖော်နိုင်မှု အခြေအနေနှင့်
ဘဏ္ဍာရေးနှစ်အလွန် အသုံးစရိတ်များကို power point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများက
ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကိုရှင်းလင်းတင်ပြရာ ပြည်နယ်၀န်ကြီးချုပ်က
လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေး ပြီး
ဌာနဆိုင်ရာများအနေဖြင့် ဌာန၏ ရည်မှန်းချက်တာ၀န်ပြည့်မီအောင် ဆောင်ရွက်ရန်၊ စာရင်း ဇယားများကို စနစ်တကျ ထိန်းသိမ်းဆောင်ရွက်ရန် နှင့် ဘဏ္ဍာရေး လုပ်ထုံး၊
လုပ်နည်းနှင့်အညီ ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment