ဘူးသီးတောင် သြဂုတ် ၂၀
ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများနှင့်ဆက်စပ်သည့်Stay at Home နေထိုင်ကြသည့် လက်လုပ် လက်စားများအား ဘူးသီးတောင်မြို့ပရဟိတအဖွဲ့များပူးပေါင်း၍ ယမန်နေ့က အခြေခံစားသောက် ကုန်များကူညီထောက်ပံ့ခဲ့သည်။
ဘူးသီးတောင်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကူးစက်ခံရမှုကြောင့် ၄င်းတို့နှင့် ဆက်စပ်သည့်မိသားစု များ၏ စားဝတ်နေရေး အခက်အခဲများကိုကူညီဖြေရှင်းနိုင်ရေးအတွက် ပရဟိတ အဖွဲ့များဖြစ်ကြ သည့် မယူဒေသသံဃ သမဂ္ဂဗဟို၊ဘူးသီးတောင်မြို့အာရက္ခသဇင်အမျိုးသမီးအဖွဲ့ ၊ဘူးသီးတောင် လူငယ်များ အစည်းအရုံးနှင့် WDAB အဖွဲ့တို့မှ ပူးပေါင်း၍မြို့ပေါ် ရပ်ကွက်နှင့်ကျေးရွာများရှိ အိမ်ထောင် စု(၉၆)စုအတွက် တစ်ပတ်စာ ဆန်၊ဆား၊ငရုတ် အခြေခံစားသောက်ကုန် ( ၃ )မျိုးတို့ကို သွားရောက်ထောက်ပံ့ခဲ့ကြကြောင်းသိရသည်။မြို့နယ်ပြန်/ဆက်


No comments:
Post a Comment