Monday, August 30, 2021

မိတ္ထီလာမြို့ တပ်မတော်ဆေးရုံ၌ Liquid Oxygen Plant ဖွင့်ပွဲ ပြုလုပ်

 


 နေပြည်တော် ဩဂုတ် ၂၉

 မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ရှိ တပ်မတော်ဆေးရုံ၌ တည်ဆောက်ပြီးစီးသွားသည့် တန် ၂၀ my Liquid Oxygen Plant ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ ဆေးရုံ၌ ပြုလုပ်ရာ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက် ကြသည်။

 

ဖဲကြိုးဖြတ်ဖွင့်လှစ်

 

ဦးစွာ တိုင်းမှူး၊ အလှူရှင် Royal Hic Company မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာ ထွန်းထွန်းအောင်၊ တာဝန်ရှိသူ qp:0 Liquid Oxygen Plant og ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

ဂုဏ်ပြုလွှာပေးအပ်

 

ထို့နောက် ဒေါက်တာထွန်းထွန်းအောင်က စက်ရုံနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား ဆေးရုံတပ်မှူးထံသို့ လွှဲပြောင်းပေးအပ်ပြီး တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။

ဆက်လက်၍ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် စက်ရုံအတွင်း လိုက်လံကြည့်ရှုရာ တာဝန်ရှိသူ များက အောက်ဆီဂျင်ထုတ်လုပ် နေမှုများကို လိုက်လံရှင်းလင်း ပြသသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် မိတ္ထီလာမြို့အောင်ဇေယျာ အမှတ်(၂)ရပ်ကွက်၌ Oxygen Plant တည်ဆောက်နေမှု တို့ကို လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်

No comments:

Post a Comment