ဘိုကလေး ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် မတည်အလှူရှင်များ၊ အများပြည်သူ၏ စုပေါင်းလှူဒါန်းမှုများဖြင့် မြို့နယ်ကုတင်(၁၀၀) ဆေးရုံအနီးတွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ပြီး အများပြည်သူတို့အတွက် အောက်ဆီဂျင်ထုတ်လုပ် လှူဒါန်းမည် ဖြစ်ရာ ဘိုကလေးမြို့နယ်သို့ အောက်ဆီဂျင်စက် အမြန်ဆုံးရောက်ရှိရေးအတွက် မြို့နယ်အောက်ဆီဂျင် စက် ဖြစ်မြောက်ရေးကော်မတီမှ စီစဉ်ဆောင်ရွက်လျက်ရှိသည်။
ဘိုကလေးမြို့နယ်
အောက်ဆီဂျင်စက်ဖြစ်မြောက်ရေး ကော်မတီအနေဖြင့် အောက်ဆီဂျင်စက် အမြန် ရရှိနိုင်ရေးအတွက်
ရွှေဝါရောင်ကုမ္ပဏီလီမိတက်နှင့် ချိတ်ဆက်၍ တရုတ်နိုင်ငံထုတ် 50Nm3/H အောက်ဆီဂျင်စက်ကို
ဇူလိုင်(၂၇)ရက်နေ့တွင် စရံ (၃၀)ရာခိုင်နှုန်းဖြစ်သည့် (၂၇၅၇၆၄၅၀) ကျပ်အား ပေးချေ၍ စာချုပ်ချုပ်ဆို
ဝယ်ယူခဲ့သည်။
၎င်းစက်သည်
တရုတ်နိုင်ငံမှ ချင်းရွှေဟော်သို့ထွက်ခွာလာရာ ဩဂုတ်(၂၄)ရက်နေ့တွင် ကျန်ငွေ(၇၀) ရာခိုင်နှုန်းဖြစ်သည့်
(၆၇၂၆၉၈၂၅)ကျပ်အား ပေးချေခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းစက် သယ်ဆောင်လာသည့် ယာဉ်မောင်းအား
နယ်စပ်ဂိတ်တွင် ကျန်းမာရေး စစ်ဆေးရာ ကိုဗစ်-၁၉ ကူးစက်ရောဂါပိုး တွေ့ရှိရသဖြင့် ၎င်းယာဉ်မောင်းအား
Quarantine (အသွားအလာကန့်သတ်) ထားရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့်
စက်အချိန်မှီ မြန်ဆန်စွာရောက်ရှိရေးအတွက် ဘိုကလေးမြို့နယ် အောက်ဆီဂျင်စက် ဖြစ် မြောက်ရေး
ကော်မတီအနေဖြင့် အခြားယာဉ်မောင်းတစ်ဦးအား အစားထိုး ဆက်လက်မောင်းနှင် နိုင်ရန် သက်ဆိုင်ရာကုမ္ပဏီနှင့်
ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မိုးစက်

No comments:
Post a Comment