Wednesday, August 18, 2021

ရန်ကုန်- ရန်ကင်း Covid Care Center တွင်ပြည်သူများ အခမဲ့ လာရောက်ကုသနိုင်ရန်ပြင်ဆင် ဆောင်ရွက်ထားမှုနှင့် အရေးပေါ် ဆက်သွယ်နိုင်သော တယ်လီဖုန်း (hotline) နံပါတ်များ ထားရှိဆောင်ရွက်

 

ရန်ကုန် ဩဂုတ် ၁၈

 ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ရန်ကင်းမြို့နယ်တွင် ဖွင့်လှစ်ထားသော ရန်ကုန် - ရန်ကင်း Covid Care Center တွင်ပြည်သူများ အခမဲ့ လာရောက်ကုသနိုင်ရန်အတွက် ပြင်ဆင် ဆောင်ရွက်ထားရှိရာ ပြည်သူများ အခက်အခဲမရှိစေနိုင်ရန် အရေးပေါ် ဆက်သွယ်နိုင်သော (hotline)  တယ်လီဖုန်းနံပါတ်များကို ယမန်နေ့၊ နံနက်ပိုင်းမှစတင်၍လက်ခံဖြေကြား ပေးလျက် ရှိကြောင်းသိရှိရသည်။

ရှေးဦးစွာ ဆေးလာရောက်ကုသသော လူနာတစ်ဦးစီတိုင်းအသုံးပြုနိုင်ရန်အတွက် ၄၀လီတာ အောက်ဆီဂျင်အိုးများထားရှိပေးထားပြီး၊ oxygen concentrator အလုံး(၄၀၀)ကျော်ကိုလည်း စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ထို့ပြင် ကိုယ်ပိုင် အောက်ဆီဂျင်စက်တည်ဆောက်ထားကာ  တက်ရောက်ကုသလိုသည့် လူနာ များအနေနှင့်(၂၄)နာရီပတ်လုံးဆက်သွယ်နိုင်သည့် အရေးပေါ်(Hotline) တယ်လီဖုန်းများလည်း ထားရှိဆောင်ရွက်ပေးထားကြောင်းသိရသည်။

အဆိုပါ ရန်ကုန်- ရန်ကင်း Covid Care Center အား လေးကျွန်းသူဖောင်ဒေးရှင်းနှင့် မဟာမိတ် အသင်း(၅)ဖွဲ့ အပါအဝင် စေတနာရှင်များရဲ့လှူဒါန်းမှုတွေနဲ့ အခမဲ့ဖွင့်လှစ်ကုသဆောင်ရွက်ခြင်း ဖြစ်ပြီး အစားအသောက်နှင့်ဆေးဝါးများအားလုံးကိုလည်း စင်တာမှအခမဲ့ တာဝန်ယူဆောင်ရွက် ပေးနေခြင်းဖြစ်ကြောင်း၊ လူနာ ၆၀၀ ခန့်ကိုလည်း တပြိုင်တည်းကုသမှုပေးနိုင်ရန် စီစဉ် ဆောင်ရွက်ထားကြောင်း သိရှိရသည်။

ရန်ကုန်- ရန်ကင်း Covid Care Center တွင် လာရောက်ကုသလိုသည့် လူနာရှင်များအနေဖြင့် သက်ဆိုင်ရာ ဒေသန္တရမှထုတ်ပေးသောကျန်းမာရေး ထောက်ခံချက်ပါရှိရမည် ဖြစ်ပြီးရောဂါ ကူးစက်မှုမပြန့်နှံ့စေရန်နှင့် ရောဂါသည်များလျော့ကျစေရန်အတွက်မဖြစ်မနေ အရေးကြီးသော လူနာများအတွက်သာလူနာစောင့် တစ်ဦးထားရှိရမည်ဖြစ်ကြောင်းနှင့် အရေးပေါ် တယ်လီဖုန်း (Hotline)နံပါတ်များဖြစ်သော ဦးအောင်လှိုင်ဦး(09441992421)၊ဦးသန်းထိုက်ကျော် (09441992373)နှင့် ဒေါ်ကြည်ပြာဘုန်းမြင့် (09443582425) အစရှိသူများကိုယ် ဆက်သွယ်၍ (၂၄) နာရီအခမဲ့ ဆေးကုသမှု ခံယူနိုင်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)

No comments:

Post a Comment