Wednesday, August 18, 2021

ပဲခူးမြို့နယ်အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 



ပဲခူး သြဂုတ် ၁၈

ပဲခူးမြို့နယ်အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လယ်(၁:၃၀)အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး မြင့်အောင်နှင့် အခြားဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ အစည်းအဝေး သို့တက်ရောက်လာကြသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးထွန်းထွန်းမှ ပဲခူးမြို့နယ်အတွင်း ဆောင်ရွက်နေသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ဌာနဆိုင်ရာများ အနေဖြင့် အင်တိုက်အားတိုက် ပါဝင်ကူညီဆောင်ရွက်ပေးတာကို အလွန်ပင် ဝမ်းသာကြောင်း၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကိုလည်း ဆွေနွေးတင်ပြပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာမံချက်များတွင် ဌာနတစ်ဌာနတည်း ဆောင်ရွက်လို့အရကြောင်း၊ ဌာနဆိုင်ရာအားလုံး ယခင်လိုပဲ အင်တိုက်အားတိုက် ပူးပေါင်းဆောင် ရွက်ပေးဖို့ မေတ္တာရပ်ခံပါကြောင်း ဆွေးနွေးပြောကြားသည်။

အစည်းအဝေးသို့ တက်ရောက်လာသူများထဲမှ မြို့နယ်ရဲတပ်ဖွဲ့မှူးမြင့်အောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဒါ်ဌေးဌေးကြည်နှင့် တာဝန်ရှိ သူများက ရှင်းလင်းပြောကြားရာ ပဲခူးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာများတွင် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကြမည် ဖြစ်ကြောင်း ပြောကြားခဲ့ဟု သတင်းရရှိသည်။

ဌေးဌေးကြည်

No comments:

Post a Comment