မေတ္တာ ဩဂုတ် ၁၈
တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊မေတ္တာမြို့တွင် ဩဂုတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီအချိန်ကထီးခီနယ်စပ်ကုန်သွယ်ရေးစခန်းမှတဆင့်နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများပြန် လည်ဝင်ရောက်လာကြောင်းသိရသည်။
အဆိုပါ အလုပ်သမားများသည် ထိုင်းနိုင်ငံတွင်အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရ သူများဖြစ်ပြီး ပြန်လည်လွတ်မြောက်လာသူများဖြစ်ပြီး ယမန်နေ့က ထိုင်းနိုင်ငံ၊ ကန်ချနာ ဘူရီခရိုင်၊လူဝင်မှုကြီးကြပ်ရေးဌာန၊ ဒု-ပြည်နယ်မှူးMr-Sucha Sannamက ထီးခီး နယ်စပ် ကုန်သွယ်ရေးစခန်းတွင် လာရောက်လွှဲပြောင်းပေးရာ တာဝန်ရှိသူများ က ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီပြန်လည်လက်ခံခဲ့ကြောင်းမေတ္တာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းထံမှ သိရသည်။
အဆိုပါဝင်ရောက်လာသူများသည် အမျိုးသား ၃၂ ဦး နှင့်အမျိုးသမီး ၃၆ဦး၊ စုစုပေါင်း ၆၈ဦးဖြစ်ပြီး ရာသီဥတုအခြေအနေအရ မေတ္တာမြို့မိုးလုံလေလုံခန်းမ၌ တစ်ည အိပ်ရပ်နား စေပြီး ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် ဩဂုတ်လ၁၈ရက်နေ့တွင် ထားဝယ်မြို့ Quarantine Centre သို့ဆက်လက် ပို့ဆောင်ပြီး အသွားအလာကန့်သတ်ထားမည်ဖြစ်ကြောင်း သိရသည်။
မေတ္တာ(ပြန်/ဆက်)

No comments:
Post a Comment