တွံတေး သြဂုတ် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ပထမဆုံးသော အလှူရှင်များမှ လှူဒါန်းသည့် အများပြည်သူပိုင် အောက်ဆီဂျင်စက်ရုံကို တွံတေးမြို့၊ ရွှေဆံတော်ရပ်ကွက်၊ ရွှေဆံတော်ဘုရားလမ်းရှိ စိတ္တသုခလူမှုကူညီရေးအသင်းရုံးတွင် အောက်ဆီဂျင် စက်ရုံကိုတည်ဆောက်ပြီးစီး၍ အောက်ဆီဂျင် များ ထုတ်လုပ်ပေးနေပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ
အောက်ဆီဂျင် စက်အမျိုးအစားမှာ တရုတ်နိုင်ငံထုတ် 20m3/Hr Oxygen Plant ဖြစ်ကာ သြဂုတ်လ၆ရက်နေ့က
စတင်ရောက်ရှိပြီး ၉ရက်နေ့ နံနက်မှစတင်ကာ ကျွမ်းကျင်ပညာရှင်များနှင့် ပူးပေါင်း၍ စက်ကိုစမ်းသပ်လည်ပတ်ရာ
Medical Use -Oxygen Level (97) ရာခိုင်နှုန်းကျော်ရရှိကာ စက်အစိတ်အပိုင်းအားလုံးမှာ
Automatic System ဖြစ်ကြောင်းသိရသည်။
အောက်ဆီဂျင်
စက်မှာ ကွန်တင်နာမိုဘိုင်းရွေ့ပြောင်းရလွယ်ကူသောစက်ပုံစံဖြစ်ပြီး စက်တန်ဖိုးမှာ ငွေကျပ်သိန်း(၉၀၀)ကျော်
တန်ဖိုးရှိကြောင်း၊ မီးစက်မှာငွေကျပ်သိန်း (၃၀၀)ခန့်နှင့် လျှပ်စစ်မီးအတွက် ထရမ်စဖော်မာမှာ
ငွေကျပ်သိန်း(၂၀၀)ခန့် ကုန်ကျခဲ့ကြောင်း သိရသည်။
အောက်ဆီဂျင်
စက်ရုံဖြစ်ပေါ်လာမှုပတ်သတ်၍ တာဝန်ရှိသူကလည်း “ကျွန်တော်တို့ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာထဲက
အောက်ဆီဂျင်လိုအပ်မယ်” ဟု FEVER CLINIC ဖျားနာကုဆေးခန်းမှ ဒေါက်တာဖြိုးသီဟ ပြောကြားသည်။
“(ဆေးတက္ကသိုလ်၁)ရန်ကုန်၊
အရေးပေါ်ကုသမှုဆေးပညာဌာန လက်ထောက်ကထိက ရဲ့ ကြိုတင်ခန့်မှန်းသုံးသပ်ချက်နဲ့ ဒုတိယလှိုင်းမှာထဲကအောက်ဆီဂျင်လိုအပ်လာရင်သုံးဖို့ဆိုပြီး
အောက်ဆီဂျင် ၄၀ လီတာအိုး(၁၅၀)၊ ၁၅လီတာအိုး(၁၅၀)
စုစုပေါင်း အလုံး(၃၀၀)ကို အလှူရှင်များရဲ့ လှူဒါန်းမှုဖြင့်ဖြည့်တင်းခဲ့ပါတယ်။ အောက်ဆီဂျင်
ဖြည့်တင်းအိုးတွေ သယ်ဆောင်ဖို့ ၁၀ပေကားတစ်စီးကိုလည်း စုပေါင်းအားနဲ့ဝယ်ခဲ့တယ်။ စက်ရုံဖြစ်ဖို့ ဒုတိယလှိုင်းထဲက
ကြိုးစားခဲ့တာပါ၊ အခက်အခဲအမျိုးမျိုးရှိလို့ မအောင်မြင်ခဲ့ဘူး၊ နောက်ကလိုက်မယ့်အလှူရှင်
အားနည်းသွားတာရယ်၊ မြေနေရာအခက်အခဲကြောင့် အကောင်အထည်မပေါ်ခဲ့ခြင်း ဖြစ်ပါတယ်။ အခု တတိယလှိုင်းရောက်တဲ့ အခါမှာ
မထင်မှတ်ဘဲ အောက်ဆီဂျင်တွေ အရမ်းလိုအပ်လာတယ်။ အရင်းသိန်း ၃၀၀ အလှူရှင်ကလည်း ငွေထုတ်ရတာအခက်အခဲရှိလိုသူမှာရှိတဲ့
သိန်း၁၀၀ လှူပေးတယ် တစ်ဦးက သိန်း၅၀၀လှူတယ်၊ ကျွန်တော့်အဖေနဲ့ အမေကစက်ဝယ်ဖို့ သိန်း၅၀လှူပေးတယ်၊ သိန်း၆၅၀နဲ့ လုပ်ငန်းစပြီး စက်ဝယ်ဖို့စက်ဝယ်ပေးမယ့်
Hein Engineering Co.Ltd ကလည်း သိန်း၂၀၀ လှူပေးပါတယ်။ စက်အမြန်ရအောင်လည်း မှာယူပေးခဲ့တယ်။
သိန်း၈၅၀နဲ့ စဝယ်တယ်၊ စက်ရတဲ့အချိန်မှာ ကျွန်တော်တို့
စိတ္တသုခလူမှုကူညီရေး Post ကနေ အလှူခံလိုက်တယ်။ မြို့သူ/ မြို့သားတွေ့ ပြင်ပကအလှူရှင်တွေ့လှူကြပါတယ်။
အောက်ဆီဂျင် အရမ်းခက်ခဲတဲ့ အချိန်မှာ စက်အမြန်ရရှိရေး အလှူရှင်များက ဆန္ဒပြင်းပြလာပြီးလှူကြတယ်။
စက်ဖို့ငွေပြည့်သွားလို့ အလှူခံရပ်ဆိုင်းလိုက်ပါတယ်။ စက်ကရက်၂၀လောက်နဲ့ ရောက်လာဖို့
နာယကကြီးဦးအေးစိုးက လိုအပ်ငွေစိုက်ထုတ်ပေးပြီး Hein Engineering Co.Ltd နဲ့ချိတ်ဆက်ကာ
စက်ကိုသင်္ဘောပေါ်တင်တယ်၊ ရန်ကုန်အမြန်ရောက်အောင် စီမံဆောင်ရွက် ပေးခဲ့ပါတယ်။ မြို့နယ်အဖွဲ့အစည်းတွေ့အကုန်လုံးကလည်း လိုအပ်ချက်တွေ
ဝိုင်းကူကြတယ်။ လျှပ်စစ်ဆိုရင်EPC ကမီးရရှိရေးချက်ချင်းထရမ်စဖော်မာ ရအောင်လုပ်ပေးပြီးဆင်ပေးတယ်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကလည်း မြေနေရာ ရရှိအောင်ချက်ချင်း ဆောင်ရွက်ပေးပြီး အခက်အခဲမရှိအောင်
သက်ဆိုင်ရာ အဖွဲ့အစည်းတာဝန်ရှိသူများက ကူညီဆောင်ရွက် ပေးပါတယ်။ အောက်ဆီဂျင် စက်ရုံကို
အခုချိန်မှာ သူများထက်စောပြီးရရှိကာ အောက်ဆီဂျင်
ကိုထုတ်ပေးနိုင်နေပြီဖြစ်ပါတယ်။ စက်ကတရုတ်နိုင်ငံထုတ်ပါ 20m3/Hr ဖြစ်ပြီးသူရဲ့ ပုံမှန်ထုတ်နှုန်းက
တစ်နေ့ကို ၄၀လီတာအိုး အလုံး(၈၀)ထွတ်တယ်။ တစ်နာရီကို
အနည်းဆုံး၄၀ လီတာအိုး(၅)အိုး လောက်ထွတ်တာ တွေ့ရတယ်။ စက်ကြံခိုင်မှုရှိစေရန် ၈နာရီမောင်း တစ်နာရီနားစနစ်နဲ့
အခုချိန်မှာ ဆောင်ရွက် နေပါတယ်။ မြို့သူ/မြို့သားများအတွက် အောက်ဆီဂျင် လိုအပ်ချက်ကို
ကျွန်တော်တို့မြို့နယ် ခွဲတမ်း ရန်ကုန်ကနေ တစ်နေ့ကို ၄၀လီတာအိုး (၃၀)မှ(၄၀)လောက်ရတယ်။
စက်ရုံလည်ပတ်နေပေမယ့်လည်း မြို့နယ်ခွဲတမ်းကို မရပ်ဘဲခွဲတမ်း ထုတ်ပြီး စိတ္တသုခလူမှုကူညီရေးအသင်းကနေပြီး
ဆေးရုံမှလူနာများ၊ ပြင်ပမှ အောက်ဆီဂျင် ရှုသူများကို ၁၀လီတာ၊၁၅လီတာ၊၂၀လီတာအိုးတွေ့ကို
ဖြည့်တင်းပေး လျက်ရှိပါတယ်။ တွံတေးမှာ အောက်ဆီဂျင် စက်လည်ပတ်နေပြီးအဓိက က အခုချိန်မှာ
ပတ်ဝန်းကျင်အသင်းတွေ၊ မြို့ပေါ်အသင်းတွေ၊ ထိစပ်မြို့နယ်အသင်းများအပြင် ကျိုက်လပ်၊ မအူပင်၊
ဖျာပုံ၊ ကွမ်းခြံကုန်း၊ ကော့မှူး ဆိပ်ကြီးခနောင်တိုမြို့နယ်များကို ၄၀လီတာအိုးတွေဖြည့်ပေးနေတယ်။
ရန်ကုန်မှာဖြည့်တင်းဖို့ အခက်အခဲရှိတာမို့ ကျွန်တော်တို့ဆီကနေ ဖြည့်တင်းဆောင်ရွက်ပေးနေတာပါ။
အောက်ဆီဂျင် စက်ရယ်မီးစက်တို့က Automatic System နဲ့ပါကိုယ်ကလိုက်ပြီး ထိန်းညှိပေးစရာမလိုဘူး၊
မီးပျက်ရင်လည်း မီးစက်က Auto ထနိူးတယ်။ ချက်ချင်းမီးပြန်ပေးတယ်။ ပြင်ပအိုးတွေကိုအခုချိန်မှာ
စျေးနှုန်းချိုသာစွာနဲ့ ၄၀လီတာကို ၈၀၀၀ကျပ်၂၀လီတာကို ၄၀၀၀ကျပ်၊ ၁၅လီတာကို၃၀၀၀ကျပ်၊
၁၀လီတာကို၂၀၀၀ကျပ်နဲ့ ဖြည့်တင်း ဆောင်ရွက်ပေးနေပါတယ်။ ဆေးရုံမှာတက်နေရင် အောက်ဆီဂျင်
ရှုဖို့အခက်အခဲရှိရင် အလှူငွေလည်း မထည့်နိုင်ဘူးဆိုရင် ကျွန်တော်တို့က အခမဲ့ဆောင်ရွက်ပေးပါတယ်။
အောက်ဆီဂျင် အရမ်းလိုအပ်ချိန်တုန်းက ကျွန်တော်တို့အောက်ဆီဂျင်ရရှိရေး တနင်္သါရီတိုင်း၊
ရနောင်၊ဘိတ်၊ ပေါက်၊ပြည်၊မန္တလေး၊ ပြင်ဦးလွင်ထိသွားပြီး တစ်နေ့ကို၅လုံးရရ၁၀လုံးရရ
EXPRESS ကားနဲ့ ရန်ကုန်တင်ပြီးတစ်ဆင့် တွံတေး သယ်ရတယ်။ အောက်ဆီဂျင် ရအောင်အသင်းအနေနဲ့
တော်တော်ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ရတယ်။ အခုဆိုရင် စိတ္တသုခ အမြဲတမ်းအဖွဲ့ဝင်(၃၀)ဖြင့်
လုပ်ငန်းတွ ဆောင်ရွက်နေပါတယ်။ ကိုဗစ်- ၁၉ တတိယ လှိုင်းကာလမှာ ကျွန်တော်တို့အသင်းအနေနဲ့
အဓိကလုပ်ငန်း(၄)ခုကိုလုပ်ဆောင်နေပါတယ်။
၁။အောက်ဆီဂျင်ဖြန့်ဝေခြင်း၊
၂။ပိုးတွေ့အတည်ပြုလူနာသယ်ယူပို့ဆောင်ခြင်း၊ ၃။ဆေးရုံကို အောက်ဆီဂျင် အပြည့်အဝရရှိအောင်ဖြည့်တင်းပေးခြင်း၊
၄။ ကိုဗစ်- ၁၉ရောဂါကာကွယ်ရေးနှင့် ကူညီစောင့်ရှောက်ရေးအဖွဲ့က ပိုးတွေ့အတည်ပြုလူနာတွေအတွက်
မနက်၊ ည ထမင်းကျွေးတာကို ကျွန်တော်တို့ အသင်းကနေ နေ့စဥ်ချက်ပြုတ်ပေးခြင်းဆိုတဲ့ လုပ်ငန်း(၄)
ခုကို တစ်ပြိုင်နက်တည်း ဆောင်ရွက်ပေးနေပါတယ်။ ကျွန်တော်အနေနဲ့ပြောချင်တာက အပြင်ထွတ်ရင်
mask စနစ်တကျ တပ်ပါ၊ မလိုအပ်ဘဲအပြင်မထွတ်ပါနဲ့၊ အပြင်သွားပြီးတိုင်း လက်ကိုဆပ်ပြာနှင့်စက္ကန့်(
၂၀)ကြာအောင်လက်ဆေး ကဗျာအတိုင်းဆေးပါ၊ အစာများများစားပါ၊ အိပ်ရေးဝဝအိပ်ပါလို့ ပြောချင်ပါတယ်”ဟု
တွံတေးမြို့နယ် စိတ္တသုခ လူမှုကူညီရေးအသင်းဥက္ကဋ္ဌ၊ အောက်ဆီဂျင်စက်ရုံတာဝန်ခံ ဦးဖြိုးကိုကိုရွှေက
ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး၊
ရန်ကုန်တောင်ပိုင်းခရိုင်အတွင်း ပထမဦးဆုံးသော အလှူရှင်များမှ လှူဒါန်းထားသည့် အများပြည်သူပိုင်
အောက်ဆီဂျင် စက်ရုံဖွင့်လှစ် လည်ပတ်နိုင်သည့် အတွက် ရန်ကုန်တိုင်းဒေကြီး အစိုးရအဖွဲ့ရုံးမှ
အများပြည်သူအသုံးပြုနိုင်ရန် အောက်ဆီဂျင် စက်ရုံ (တွံတေးမြို့)သို့ Oxygen ၄၀ လီတာအိုး
အလုံး ( ၅၀)ကို လှူဒါန်းပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်
ပြန်/ဆက်

No comments:
Post a Comment