ပုလဲ သြဂုတ် ၁၅
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးအေးလှိုင်နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့က ပုလဲမြို့၊ အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး ပုလဲမြို့နယ်အတွင်းရှိ အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည်အုပ်စုအလိုက် သတ်မှတ် ထားရှိသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှု အခြေအနေကို လှည့်လည် ကြည့်ရှု အားပေးခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ ဌာနတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက်
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မြို့နယ်အထွေထွေ
အုပ်ချုပ်ရေး ဦးစီးဌာန၊ ပုလဲရတနာခန်းမ၌ ကျင်းပပြုလုပ်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများ
တွေ့ဆုံပွဲနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားသို့
တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်က ရပ်ရွာလုံခြုံရေး၊
တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းသာယာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့်
မြို့ရွာသန့်ရှင်းသာယာလှပရေး၊ လတ်တလော ဖြစ်ပွားနေဆဲ ဖြစ်သည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊
ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ထိထိရောက်ရောက် ဆက်လက်ဆောင်ရွက်
သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများက
သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်နေမှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့်
လုပ်ငန်းအစီအမံများ၊ နယ်မြေလုံခြုံ တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နေမှုများ၊ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုနှင့် ကာကွယ်ဆေး ထိုးနှံပေးနေမှု
အခြေအနေများ၊ လုပ်ငန်း လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ
တာဝန်ရှိသူများက ရှင်းလင်းပြသည့် လုပ်ငန်းများနှင့်
ပတ်သက်၍ ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ပြီး
လုပ်ငန်း လိုအပ်ချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက်
တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများက မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်
အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွက် ငွေကျပ် ၁၀သိန်း၊ (၄၀)လီတာဝင် အောက်ဆီဂျင်အိုး(၂၀)လုံး၊
(၅)လီတာဝင် Oxygen Concentrator Machine(၅)လုံး၊
PPEဝတ်စုံ(၂၀၀)စုံ၊ PPE-၃မျက်မှန်(၂၀)ခု၊ လက်အိတ်(၃)ဘူး၊ ခြေအိတ်(၁၀)စုံ၊ ဦးထုပ်(၃)ဘူး၊
95Mask(၂၀)ခု၊ ရိုးရိုး Mask(၅၀၀၀)ခု၊ Hand Gel(၂၀)ဘူး၊ Face Shiel(၅၅)ခု၊ ကြက်ဥများ၊ ခေါက်ဆွဲခြောက်ထုတ်များ၊ ကော်ဖီမစ်/ တီးမစ်ထုတ်များနှင့် လုံခြုံရေး ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအတွက် ငွေကျပ်
၅ သိန်းကို တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြင့်သိန်းစိုး
No comments:
Post a Comment