မောင်တော ဩဂုတ် ၁၆
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်၌ ဩဂုတ် ၁၅ ရက် (၁၇:၁၀) အချိန် တရားမဝင်ရွှေတုံးများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မောင်တောမြို့နယ် မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်၌ လုံခြုံရေးနှင့် ရှာဖွေရေး ဆောင်ရွက် နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်းအဖွဲ့သည် ယာဉ်ဝင်/ထွက် များအား စစ်ဆေးနေစဉ် (၃)မိုင် လမ်းဆုံဘက်မှ မောင်တော မြို့အတွင်းသို့ ယာဉ်မောင်း ဦးထွန်းစံ(၃)မိုင် သာစည်ကျေးရွာနေသူ မောင်းနှင်းလာသော ယာဉ်အမှတ်-၁၂ဟ/ ၆၀၆၈ အဖြူရောင် သုံးဘီး မော်တော်ယာဉ်အား ရှာဖွေခဲ့ရာ ယာဉ်နောက်ခန်းတွင်ဆာလာအိတ်အဖြူရောင်(၁)အိတ်အား တွေ့ရှိသဖြင့် မေးမြန်းရာ ပိုင်ရှင်မှာ မောင်တောမြို့ ၊ မြို့မမြောက်ရပ်ကွက်နေ ဦးထွန်းသာစိန်၊ အာရက္ခဗျာလ ကုမ္ပဏီ (ရန်ကုန်/ မောင်တော) မန်နေဂျာ (မင်းဘာကြီးလမ်း၊ ဘောက်သီး စုရပ်ကွက်) နေသူ ပစ္စည်းဖြစ်ကြောင်းသိရပြီး သက်သေများရှေ့ ဖွင့်ဖောက်စစ်ဆေးရှာဖွေခဲ့ရာ စက္ကူဂျပ်ဖာအတွင်း၌ ပလက်စတစ်အိတ်အကြည်ဖြင့် ငွေသိန်း (၁၀၀) ကျပ်စီ စည်ထားသော ပါကင်ထုတ်များနှင့် ရွှေတုံးများထည့်ထားသော ပလက်စတစ် ဘူး (၁)ဘူး အား တွေ့ရှိပြီး အသေးစိတ်စစ်ဆေးရာ (၁၀၀၀၀) တန် သိန်း(၁၀၀)ပါစီပါ ပါကင်ထုပ် (၁၅)ထုပ်၊ ကျပ်သိန်း (၁၅၀၀) နှင့် (၁၀၀၀၀) တန် ကျပ်သိန်း(၅၀၀) ၊ စုစုပေါင်းငွေ သိန်း(၂၀၀၀)ကျပ် နှင့် အကယ်ဒမီ အခေါက်ရွှေ အလေးချိန်(၁၀)ကျပ်သားစီပါ ၊ ရွှေတုံး (၃၉) တုံး (ရွှေတုံး ၁ တုံးတွင် ဘောက်ချာ တစ်ခုစီပါရှိပြီး)၊ အလေးချိန်(၃) ပိဿာ(၉၀)ကျပ်သား (တစ်ကျပ်သားလျှင် ၁၅၈၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းရွှေတန်ဖိုး (၆၁၆,၂၀၀,၀၀၀) ကျန်ခန့်အား ရှာဖွေသိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
အဆိုပါ ရွှေတုံးများအား အထောက်အထား တစ်စုံတစ်ရာ မပါဘဲ နယ်စပ်မြို့မှ မောင်တောမှ တဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်ပို့ဆောင်ရန် ရည်ရွယ်ချက်များဖြင့် သယ်ဆောင် လာသူ ဦးထွန်းသာစိန် (၅၁)နှစ်(ဘ)ဦးဖိုးခိုင်နှင့် ပို့ပေးသူ ဦးမောင်ဖြူတို့နှစ်ဦးအား ပို့ကုန်/သွင်းကုန်ဉပဒေအရ မြို့မရဲစခန်းမှ (ပ)၃၁/၂၀၂၁၊ ပို့ကုန်/သွင်းကုန်ဉပဒေပုဒ်မ-၈ အရ အမှုအရေးယူနိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဝေလ(မောင်တော)


No comments:
Post a Comment