ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်၊ လူမှုရေးဝန်ကြီးဦးနေလင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဟားခါးမြို့ ပြည်သူ့ဆေးရုံဝန်းအတွင်း၌ ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုးအလုံး ၂၀၀ ထုတ်လုပ်နိုင်သည့် အောက်ဆီဂျင်စက်ရုံတည် ဆောက်နေမှု အခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးကြောင်းသိရသည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား အောက်ဆီဂျင်စက်ရုံတာဝန်ယူတည်ဆောက်သည့် ကုမ္ပဏီ၏ ပစ္စည်းများ စုဆောင်းထားရှိမှု၊ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို တာဝန်ရှိသူများကလိုက်လံ ရှင်းလင်းပြသပြီး ပြည်နယ်ဝန်ကြီးချုပ်က အရည်အသွေး ပြည့်မီစွာ သတ်မှတ်ကာလအတွင်း ပြီးစီး ရေး မှာကြားကာလုပ်ငန်းလိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဟားခါးမြို့ ပြည်သူ့ဆေးရုံအတွက် တပ်မတော်မှ လှူဒါန်းသည့် တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး (၃၄)လုံးထုတ်လုပ်နိုင်သည့် အောက်ဆီဂျင် Plant စမ်းသပ်လည်ပတ်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး စက်များချွတ် ယွင်းပျက် စီးမှုမရှိစေရေးအလေးထားဂရုစိုက်ဆောင်ရွက်ရန်၊ ပုဂ္ဂလိကနှင့် ပရဟိတအသင်းအဖွဲ့များ၏ အောက်ဆီဂျင် လိုအပ်ချက်များကို လည်းဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်းသိရသည်။
ယခုဆောက်လုပ်သည့် အောက်ဆီဂျင်စက်ရုံသည် (၃၀×၆၀×၁၅) ပေရှိ Steel Structure အဆောက်အအုံ အမျိုးအစားဖြစ်ပြီး စက်ရုံတည်ဆောက်ပြီးစီးပါက တစ်ရက်လျှင် လီတာ ၄၀ ဆုံ အောက်ဆီဂျင်အိုး အလုံး ၂၀၀ ထုတ်လုပ်နိုင်မည်ဖြစ်ရာ ဟားခါးမြို့၏ အောက်ဆီဂျင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့်အပြင် ဖလမ်းမြို့နှင့် ထန်တလန်မြို့တို့မှ အောက်ဆီဂျင်များ လာရောက်ဖြည့် တင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ချင်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် မတူပီမြို့၌လည်း တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုးအလုံး ၂၀၀ ထုတ်လုပ်နိုင်မည့် အောက်ဆီဂျင်စက်ရုံကို ဆောက်လုပ်သွား မည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )
No comments:
Post a Comment