ပခုက္ကူ ဩဂုတ် ၂၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်သည် ယနေ့ နံနက် ၈နာရီက ပခုက္ကူမြို့ စက်မှုဇုန် ၁လမ်းရှိ 3 Seasons Furniture ထန်းနှင့် သစ်အချော ထည်စက်ရုံသို့ သွားရောက် ကြည့်ရှုအားပေးသည်။
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အတူ ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင် နှင့်အဖွဲ့ဝင်များလိုက်ပါကြပြီး ပခုက္ကူမြို့၊ ထန်းနှင့်သစ်အချောထည်စက်ရုံ လည်ပတ်မှုအခြေအနေအား သွားရောက် ကြည့်ရှုကြရာ စက်ရုံပိုင်ရှင် ဦးကျော်နိုင်သန်းက ထန်းသားနှင့် ပရိဘောဂပစ္စည်းများ၊အသုံးအဆောင်ပစ္စည်းများ တီထွင်ဖန်တီး လုပ်ဆောင်နေမှုနှင့် သစ်အချောထည် ပစ္စည်းများထုတ်လုပ်နေမှု၊ ပြည်တွင်းနှင့်ပြည်ပဈေးကွက်တင်ပို့နိုင်မှုနှင့်ဈေးကွက် အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ဝန်ကြီးက လိုအပ်ချက်များကူညီပံ့ပိုးပေးနိုင်မည့်အခြေအနေနှင့် ဆက်လက်ကြိုးစား ဆောင်ရွက်ပေးရန် အကြံပြုဆွေးနွေးသည်။
ထို့နောက် စီးပွားရေးရာ ဝန်ကြီးဦးအောင်ချိန်သည် ပခုက္ကူမြို့၊စည်ပင်ဧည့်ရိပ်သာခန်းမ၌ ပခုက္ကူမြို့နယ် နှင့် ရေစကြို မြို့နယ် အတွင်းရှိ ကုန်သည်ပွဲစားများအသင်း၊မွေးမြူရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဒေသထွက်ကုန်ပစ္စည်းများ၏ ဈေးကွက်အခြေအနေနှင့် လက်ရှိဆောင်ရွက်နေမှုအကြောင်းတို့ကို ရင်းနှီး ပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးကြကြောင်း သိရသည်။
ဇော်( အဝေးသင်)


No comments:
Post a Comment