ညောင်ဦး ဩဂုတ် ၂၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးမြို့နေမိဘပြည်သူများနှင့် ပတ်ဝန်းကျင် မြို့များရှိပြည်သူများ အောက်ဆီဂျင် လိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရေး ရည်ရွယ်လျက် ယနေ့ နံနက် ၇နာရီအချိန်မှစတင်ပြီး တစ်ရက်လျှင်၄၀လီတာအိုး ၈၀ လုံးထိထုတ်လုပ်ပေး နိုင်ပြီ ဖြစ်ကြောင်း ပုဂံ ကိုဆော်ထံမှသိရသည်။
အဆိုပါအောက်စီဂျင်စက်အား ညောင်ဦးမြို့နယ် ၊ဝက်ကြီးအင်းရပ်ရှိ အနန္တဟို တယ်ရှေ့တွင် တည်ထား ပြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများနှင့် အောက်ဆီဂျင်လိုအပ်သူများ အတွက်လည်းကောင်း၊ ပုဂံမြို့၊ ငါ့သရောက်မြို့နှင့် အခြားမြို့များမှလိုအပ်သူများ အလွယ်တကူရရှိ စေရန်အတွက် အောက်ဆီဂျင်စက်လှူဒါန်းပေး ခြင်းဖြစ်ကြောင်း၊ ထိုအောက်ဆီဂျင်စက်အား ဩဂုတ်၁၉ ရက်နေ့မှစတင်မြေနေရာရှင်းလင်း စတင်တည်ဆောက်ခဲ့ကာ ယနေ့ ယနေ့ နံနက် ၇နာရီအချိန်မှ စတင်လည်ပတ်ပြီး အောက်ဆီဂျင် ထုတ်လုပ်ကာ လိုအပ်သူများအားစတင်ဖြန့်ဖြူးပေးနေပြီဖြစ် ကြောင်းသိရသည်။ ညောင်ဦးမြို့နယ်တွင် ကျေးရွာအုပ်စု ၉၂အုပ်စုနှင့်ကျေးရွာပေါင်း ၂၂၀ ရွာ၊ရပ်ကွက် ၁၇ရပ်ကွက်ရှိကြောင်းသိရသည်။
ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ဆေးကုသမှုခံယူ နေသူ ၆၆ဦးရှိနေသေးပြီး ကိုဗစ်-၁၉ ရောဂါဖြင့် ၈၂ဦးဆေးဆုံး၊ကာ ကျန်းမာရေးကောင်းမွန် သဖြင့် ၁၁၈ဦး ဆေးရုံကြီးမှဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်းသိရကာ ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာ ၂၆၆ ဦးရှိကြောင်း လည်းသိရကာ ညောင်ဦးမြို့နယ်အတွက် အောက်ဆီဂျင်စက်လှူဒါန်း ပေးတဲ့ မင်းဒင်ဖောင်ဒေးရှင်းကို လည်း မြို့ခံများက ဝမ်းသာလွန်းပြီးသာဓုခေါ်ဆိုနေကြကြောင်း သိရသည်။
ကိုထိန်၊KPD


No comments:
Post a Comment