Saturday, August 14, 2021

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကာမိုင်းချောင်းရေ အနည်းငယ်တက်လာ၍ အနိမ့်ပိုင်းအိမ်များ ရေများဝင်ရောက်

 




ကာမိုင်း  သြဂုတ်  ၁၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ သြဂုတ်လ(၁၃)ရက်ညပိုင်းနှင့် (၁၄)ရက်နံနက်ပိုင်းတွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ကာမိုင်းမြို့အနီးရှိ အင်းတော်ချောင်းမှာ ရေအနည်းငယ်မြင့်တက်လာသဖြင့် ပေ(၃၀၀)တံတားရှိ ကြမ်းခင်းနှင့် (၅)ပေအကွာထိ တက်လာသဖြင့် ချောင်းကမ်းဘေးအနိမ့်ပိုင်းရှိ လူနေအိမ်ခြံဝန်းများအတွင်းသို့ အနက်ပေ (၁)ခန့်၊ အလျား‌ပေ (၁၀၀)ခန့် အထိသို့ ရေများစတင်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါရေသည် လူနေအိမ်များအတွင်းသို့ (၆)ပေခန့်အထိ ဆက်လက်ဝင်ရောက်လာပါက ပြည်သူများအနေဖြင့် ရွှေ့ပြောင်းပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ရေဘေး၊ သဘာဝဘေးဆိုင်ရာ အသိပေးနှိုးဆော်ခြင်းများနှင့် ယာယီကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရှိရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများအား မှာကြားဆောင်ရွက်ထားပြီးဖြစ်ကြောင်းနှင့် စိုးရိမ်ရသည့်အနေအထားသို့ မရောက်ရှိသေးကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

ကာမိုင်း(ပြန်/ဆက်)

 

No comments:

Post a Comment