တောင်ကြီး ဩဂုတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့သို့ ရောက်ရှိ လာသည့် လာအိုနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသားအလုပ်သမား (၃၁၄)ဦးအား ယနေ့နံနက် (၆)နာရီ က တောင်ကြီးမြို့သစ်တောရပ်ကွက်ရှိ T.B.C ကားကြီးကွင်းမှတစ်ဆင့် သက်ဆိုင်ရာဒေသအသီးသီးသို့ စနစ်တကျ ဆက်လက်ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ လာအိုနိုင်ငံမှ နေရပ်ပြန် မြန်မာနိုင်ငံသားအလုပ်သမား (၃၁၄)ဦးအနက် ရန်ကုန်တိုင်းဒေသကြီးမှ (၃)ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၁၀၈)ဦး၊ ပဲခူးတိုင်းဒေသကြီမှ (၂၄)ဦး၊ မကွေးတိုင်းဒေသကြီး (၂၆)ဦး၊ နေပြည်တော်မှ (၉၃)ဦး၊ ရခိုင်ပြည်နယ်မှ (၁၈)ဦး၊ မွန်ပြည်နယ်မှ (၂)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၉)ဦး၊ ကယားပြည်နယ် (၁)ဦး၊ ရှမ်းပြည်နယ်မှ (၃၀)ဦး စုစုပေါင်း (၃၁၄)ဦးဖြစ်ပြီး နေရပ်ပြန်အလုပ်သမားများကို တောင်ကြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေမြင့်၊ ပြည်နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ တောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခွန်သက်နောင်၊ သစ်တောရပ်ကွက် စီမံအုပ်ချုပ်ရေးမှူး ဦးအောင်နိုင်တို့က နေရပ်ပြန်အလုပ်သမားများကို Hand Speaker ဖြင့်စည်းကမ်းချက်များ မိမိဒေသသို့ရောက်ရှိပါက နေထိုင်ရမည်စည်းကမ်းချက်များ၊ ရောက်ရှိသတင်းပို့ရန် စသည်အချက်များရှင်းလင်း ပြောကြားပြီး နေရပ်ပြန်အလုပ်သမားများ ကိုယ်အပူချိန်တိုင်းတာခြင်း၊ စားစရာများဝေငှခြင်းတို့ ဆောင်ရွက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှာ လမ်းစရိတ်နှင့် စားစရိတ်များထောက်ပံ့ကာ သက်ဆိုင်ရာ ဒေသအသီးသီးသို့ စနစ်တကျ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ဩဂုတ် ၁၃ ရက်နေ့ကလည်း (၂၈၁)ဦးအား သက်ဆိုင်ရာ ဒေသအသီးသီးသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)


No comments:
Post a Comment