ဘားအံ ဩဂုတ် ၃၁
ကရင်ပြည်နယ်အတွင်း ကိုဗစ်အလွန်ခရီးသွားကဏ္ဍမြှင့်တင်နိုင်ရေးအတွက် ခရီးစဉ်ဒေသများ ဖြစ်သည့် ကော့ဂွန်း ဂူနှင့် ရသေ့ပျံဂူတို့၏ မိုးတွင်းကာလ ပြုပြင်ထိန်းသိမ်းထားရှိမှု အခြေအနေများအား ယနေ့ နံနက်ပိုင်းက ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်
ဝန်ကြီးများသည် ရှေးဟောင်းသမိုင်း ဝင်ကော့ဂွန်း ဂူတော်ကြီး ဓမ္မာရုံ၌ ဦးစီးပဓာန နာယကဆရာတော်
ဘဒ္ဒန္တကောဝိဒအား သွားရောက်ဖူးမျှော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ
ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
ကော့ဂွန်းဘုရားဂူတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်များ၊ ဗုဒ္ဓဆင်းတုတော် များ၊ ရှေးဟောင်းဗုဒ္ဓဝင်ကျောက်ဆစ်ပန်းပုလက်ရာများ၊
ဂူနံရံပေါ်ရှိ အုတ်ခွက်ဘုရားများအား လှည့်လည်ဖူးမျှော်ကြည်ညိုခဲ့ ကြရာ ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊
ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များက
ဂူတော်ကြီး၏ သမိုင်းကြောင်း၊ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းဆောင် ရွက်မှုအခြေအနေ၊
ကိုဗစ်ကာလမတိုင်မီ ခရီးသည် ဝင်ရောက်မှု အခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်
ဝန်ကြီးချုပ်က ကော့ဂွန်းဂူတော်ကြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ခရီးသည်များဘေးကင်းလုံခြုံ
ချမ်းမြေ့စေရေး၊ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် လိုအပ်သည်များအား
လမ်းညွှန်မှာကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
ရသေ့ပျံတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တ ဝိသုဒ္ဓိ အား သွားရောက် ဖူးမျှော်ကြည်ညိုပြီး ဒေသဖွံ့ဖြိုးရေးဆိုင်ရာနှင့်သာသနာတော်ဆိုင်ရာများအား
လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ရသေ့ပျံဂူသို့ သွားရောက်ပြီး
ဂူအတွင်းရှိ ရှေးဟောင်း အုတ်ခွက်ဗုဒ္ဓဆင်းတုများ၊ ဗုဒ္ဓရုပ်ပွားတော်များ၊ အုတ်ခွက်ဘုရားများအား
လှည့်လည်ဖူးမျှော်ကြည်ညိုခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးခဲ့ကာ ရသေ့ပျံသဘာဝရေလိုဏ်ဂူနှင့်
ရသေ့ပျံတောင်အား စက်တပ်လှေငယ်များဖြင့် လှည့်လည်ကြည့် ရှုခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
ဘားအံမြို့ မြိုင်ကလေးပြည်သူ့ဆေးရုံတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပြီး၍
သတ်မှတ်ရက်ပြည့်ပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးမှုအား သွားရောက် ကြည့်ရှုအားပေးကာ ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား
ပြောကြားပြီး ကာကွယ်ဆေး ထိုးနှံပေးနေသည့် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းများ၊
စေတနာ့ဝန်ထမ်း Volenteer များအား ဂုဏ်ပြုချီးမြှင့် ငွေကျပ် နှစ်သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း
သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
No comments:
Post a Comment