Tuesday, August 31, 2021

မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့ ပြည်နယ်ခန်းမတွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုကြည့်ရှုခြင်းနှင့် ပြေးလမ်းခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေး

 




မော်လမြိုင်     ဩဂုတ်         ၃၁

မွန်ပြည်နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီ  ဥက္ကဋ္ဌ၊  ပြည်နယ်ဝန်ကြီးချုပ်   ဦးဇော်လင်းထွန်းနှင့်   တာဝန်ရှိသူများသည်   ယနေ့ နံနက် ၉ နာရီက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမတွင် ကျန်းမာရေးဝန်ထမ်းများ၊    ဌာနဆိုင်ရာဝန်ထမ်း များ၊  ပရဟိတ စေတနာ့ဝန်ထမ်းများအား ကိုဗစ်- ၁၉ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးမှုကို ကြည့်ရှု၍ အားပေးစကား ပြောကြားသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က  မြို့နယ်များအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  ထိုးနှံနိုင်ရေး အထူးအလေးထား ဆောင်ရွက်သွားရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှသတ်မှတ်ထား သည့်စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ  လိုက်နာဆောင်ရွက်ကြရန်   တာဝန်ရှိသူများကို   မှာကြား သည်။

မွန်ပြည်နယ်အနေဖြင့်  ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ  ကိုးသောင်း၊  ငါးထောင် ကို ထိုးနှံပေးခဲ့ပြီဖြစ်ရာ  ယခုထပ်မံရောက်ရှိလာသည့်  ကာကွယ်ဆေးများကို      မော်လမြိုင်မြို့နယ် အပါအဝင် သက်ဆိုင်ရာ မြို့နယ်များအလိုက်  သတ်မှတ်စုရပ်  နေရာများ၌  ဩဂုတ်၂၇ ရက်နေ့မှ စ၍  Second   Dose အဖြစ်   ထိုးနှံပေးလျက်ရှိပြီး   ကာကွယ်ဆေးထိုးနှံပေးရာတွင်    ကျန်းမာရေး ဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊  ပရဟိတစေတနာ့ဝန်ထမ်းများကဝိုင်းဝန်း ကူညီဆောင်ရွက် ပေးကြရန် စီစဉ်ထားသည်။

 

ထို့နောက် ပြည်နယ်၀န်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မွန်ပြည်နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာန၊  ရာမညအားကစားကွင်းတွင်  ၂၀၂၀- ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ခွင့်ပြုရန်ပုံငွေကျပ် ၈၇၂ သန်းဖြင့် မီတာ ၄၀၀  Synthetic ပြေးလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်မှုကို  ကြည့်ရှုစစ်ဆေး၍ တာ၀န်ရှိသူများအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးနှင့် စံချိန်၊စံညွှန်းပြည့်မီစွာ တည်ဆောက်နိုင်ရေး ကြပ်မတ်ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား ကြောင်းသိရသည်။

No comments:

Post a Comment