နေပြည်တော် ဩဂုတ် ၉
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ အစိုးရ၊ တပ်မတော်နှင့် ပုဂ္ဂလိကပိုင် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးနှင့် အခြားလူသုံးကုန် လုပ်ငန်းများ ကုန်ထုတ်လုပ်မှု ရာနှုန်းပြည့်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများက အဆိုပါနေရာများသို့ သွားရောက်ကြည့်ရှုကြပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိသည်။
ညှိနှိုင်းဆောင်ရွက်ပေး
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် တာဝန်ရှိသူများသည် တိုင်းစစ်ဌာနချုပ် ကုန်းမြင့်(၁) စိုက်ပျိုးရေးနှင့် မွေးမြူရေး စံပြစခန်းရှိ (ဘရာမင်နှင့်ဒေသနွား) အသားတိုးနွားမွေးမြူ ရေးလုပ်ငန်း၊ (ဖရီရှန်) နို့စားနွား မွေးမြူရေး လုပ်ငန်း၊ ဆိတ်မွေးမြူရေးလုပ်ငန်း၊ DYL အသားတိုးဝက်မွေးမြူရေးလုပ်ငန်း၊ ငါးသားဖောက်မွေးမြူရေး လုပ်ငန်း၊ တစ်သျှူး ငှက်ပျောစိုက်ပျိုးရေးလုပ်ငန်း၊ ပြောင်း စိုက်ပျိုးရေးလုပ်ငန်း၊ မိုးစပါးစိုက်ပျိုးရေး လုပ်ငန်းနှင့် နေဗီယာမြက်စိုက်ပျိုးရေး လုပ်ငန်းတို့ကို လည်းကောင်း၊ တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် တာဝန် ရှိသူများသည် ကျိုင်းတုံမြို့၊ မိုင်းလန်းကျေးရွာအုပ်စု၊ ယန်းမွန်ကျေးရွာရှိ အရှေ့မဲခေါင် ဝက်မွေးမြူရေးခြံ၊ တိုင်းစစ် ဌာနချုပ်ရှိ ဉစားကြက်မွေးမြူရေးခြံ၊ နို့စားနွားခြံ၊ ဒေသကြက် မွေးမြူရေးခြံ၊ ဘဲမွေးမြူ ရေးခြံ၊ ဆိတ်မွေးမြူရေးခြံ၊ တစ်သျှူးငှက်ပျော (ကျောက်စိမ်း)စိုက်ခင်း၊ ရာသီသီးနှံ စိုက်ခင်း၊ နယ်မြေခံတပ်ရင်းရှိ ဉစားကြက်ခြံနှင့် ဒေသကြက် မွေးမြူရေးခြံတို့ကို လည်းကောင်း အသီးသီးသွားရောက်ကြည့်ရှု၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့ပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လမ်းပန်း ဆက်သွယ် ရေးခက်ခဲမှုများဖြစ်ပေါ်ပြီး ဈေးကွက်အတွင်းရောင်းချရန်အခက် အခဲဖြစ်ပေါ်နေသည့် သီပေါမြို့၊ နောင်ကော်ကြီးကျေးရွာနှင့် စဉ့်အင်ကျေးရွာများ၌ စိုက်ပျိုးထားသော ဒေသခံပြည်သူများ၏ နာနတ် သီးစိုက်ခင်းများမှ နာနတ်သီးအလုံး ၃၀၀၀ ကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော် သားများက သွားရောက်ဝယ်ယူပေးခဲ့ပြီး တပ်မတော်သားမိသားစုဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဝင်များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထို့အတူ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းစိုက်ပျိုးထုတ်လုပ်မှု၊ မွေးမြူရေး ကုန်ထုပ်လုပ်မှုများကို ဆောင်ရွက်နိုင်ရန်နှင့် စိုက်ပျိုးဧရိယာများအပြည့်အဝ စိုက်ပျိုးနိုင်ရေးအတွက် မြေဩဇာ ကြဲပက်ခြင်း နှင့် စိုက်ပျိုးရေးသုံးသွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့၊ ယန်းလောကျေးရွာ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း) စိုက်ပျိုးရေး ဦးစီးဌာနမှ တာဝန်ရှိသူများက မိုးစပါးစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ၊ စိုက်ပျိုးရေးသွင်း အားစုများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ကွင်းသရုပ်ပြဆောင်ရွက်ခြင်းများအား ရှင်းလင်း ပြောကြားကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ ပေးအပ်ကြပြီး ကွင်းသရုပ်ပြမြေဩဇာကြဲပက် နေမှုများကို ကြည့်ရှုအားပေး ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment