တီးတိန် ဩဂုတ် ၁၁
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးများ နိုင်ငံတော်မှ ထိုးနှံပေးလျက်ရှိရာ ချင်းပြည်နယ် တီးတိန်မြို့၌ အသက်၆၅နှစ်အထက် သက်ကြီးဘိုးဘွားများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးရန် ကျန်ရှိသူများ ကာကွယ်ဆေးထိုးမည့် နေ့ရက်နှင့် စုရပ်များအား အများပြည်သူသိရှိနိုင်ရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့က ကမ်းဟောက်လမ်းမအတိုင်း အသံချဲ့စက်ဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီ၌ အသံချဲ့စက်ဖြင့် နှိုးဆော်အသိပေးခဲ့ကြောင်း သိရသည်။
တီးတိန်မြို့နယ်တွင် အသက်၆၅နှစ်အထက် သက်ကြီးဘိုးဘွား(၁၅၇၇)ဦးအား
ကာကွယ်ဆေးထိုးနှံရာတွင် အဘိုးအဘွားများ ပိုမိုအဆင်ပြေစေရန်၊ စုရပ်(၁)မြို့နယ် အထွေထွေအုပ်ချုပ်ရေး
ဦးစီးဌာန အစည်းအဝေးခန်းမ၊ စုရပ်(၂)ခိုင်ကမ်းမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၊
စုရပ်(၃)တွီးထန်ကျေးရွာ၊ စုရပ်(၄)လိုင်တွီးကျေးရွာ၊ စုရပ်(၅)ထုတ်လိုင်ကျေးရွာ၊ စုရပ်(၆)ဆွောင်းပီးကျေးရွာ၊
စုရပ်(၇)ဆိုင်းဇန်ကျေးရွာ၊ စုရပ်(၈)ကပ်တဲလ်ကျေးရွာ၊ စုရပ်(၉)ဂမ်ငိုင်ကျေးရွာစသည့် စုရပ်များတွင်
ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးမည်ဖြစ်ကြောင်း
သိရသည်။
ဒိုင်းဒိမ့်(ပြန်/ဆက်)
No comments:
Post a Comment