ပုသိမ် ဩဂုတ် ၁၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးတင်ဇော်ထွန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပုသိမ်မျိုးစေ့ အရည်အသွေး စစ်ဆေးခန်း သို့ရောက်ရှိ၍ မျိုးသန့်စင်မှုစစ်ဆေးခြင်း၊ မျိုးစေ့အပင်ပေါက် စမ်းသပ်ခြင်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးမျိုးစေ့တာဝန်ခံ ဒေါ်ခင်ဌေးမြင့်မှ လိုက်လံ ရှင်းလင်း တင်ပြခဲ့ပါသည်။
ဆက်လက်၍
ဝန်ကြီးချုပ်သည် မြေအသုံးချရေး ဓာတ်ခွဲခန်းသို့ သွားရောက်၍ မြေဆီလွှာဓာတ်ခွဲခြင်း၊
ရေဓာတ်ခွဲခြင်း၊ မြေသြဇာဓာတ်ခွဲခြင်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာ စိုက်ပျိုးရေး ဦးစီးဌာနမှ
ဒုလက်ထောက် ဦးစီးမှူး ဒေါ်အိသဉ္ဇာငြိမ်းနှင့် ဒုလက်ထောက်ဦးစီးမှူး နန့်ဖောင်ထွဋ်တို့က
လိုက်လံ ရှင်းလင်း တင်ပြခဲ့ပါသည်။
ဆက်လက်၍
ဝန်ကြီးချုပ်သည် သီးနှံကာကွယ်ရေး ဓာတ်ခွဲခန်းသို့ ရောက်ရှိကာ ပိုးမွှားရောဂါ စစ်ဆေးခြင်း၊
သီးနှံဖျက်ပိုးမွှားများ၊ သီးနှံဖျက်ရောဂါများ၊ တိုင်းဒေသကြီးအတွင်း
စပါးသီးနှံများတွင် ကျရောက်ဖျက်ဆီး တတ်သော ဖျက်ပိုးနှင့် ရောဂါများအား တိုင်းဒေသကြီး
သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်ခင်ရီမြင့်နှင့် ဒုလက်ထောက်ဦးစီးမှူး ဦးထက်ဝေလင်းတို့မှ
လိုက်လံရှင်းလင်း တင်ပြခဲ့ပါသည်။
ထို့နောက်
ပုသိမ်မြို့နယ်၊ စိုက်ပျိုးရေး ဦးစီးဌာန(မျိုးစေ့ဌာနခွဲ)၊ သရောင်းချောင်း မျိုးသန့်ခြံသို့
ရောက်ရှိ၍ ခြံတာဝန်ခံ ဦးစီးအရာရှိ ဒေါ်ခင်ဌေးဦးမှ မျိုးသန့်ခြံ၏ သီးနှံစိုက်ပျိုး ထုတ်လုပ်နိုင်မှုအတွက်
မြေယာအသုံးချနိုင်မှု အခြေအနေများ၊ ဝန်ထမ်းအင်အား အခြေအနေများ၊
မိုးစပါးဆောင်ရွက်ပြီးစီးမှု အခြေအနေများ၊ ပေါ်ဆန်းစပါးမျိုးများ စိုက်ပျိုး၊
ထုတ်လုပ်၊ ဖြန့်ဖြူးနိုင်မှု အခြေအနေများ၊ သုတေသန ဆောင်ရွက်ထားရှိမှု အခြေအနေများ၊
ပေါ်ဆန်းဘေးကြား စပါးမျိုးတွင် နုံးထည့်စမ်းသပ် စိုက်ပျိုးခြင်းများကို Power
Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ စပါးစိုက် တောင်သူများ
အထွက်နှုန်းတိုးတက်ရေး၊ စျေးကောင်းရရှိရေး၊ စိုက်နည်းစနစ်များ မှန်ကန်မှုရှိစေရေး၊
စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် သုတေသနလုပ်ငန်းများအား စနစ်တကျ မှတ်တမ်းပြုစု ထိန်းသိမ်းထားရှိရေး၊
စိုက်ပျိုးရေး ဦးစီးဌာနအနေဖြင့် တောင်သူများအား အသိပညာပေး ဆောင်ရွက်ရေး လမ်းညွှန်မှာကြားခဲ့ကာ
စပါးမျိုးစိုက်ကွင်း ဆောင်ရွက်ထားရှိမှုများကို သွားရောက် ကြည့်ရှုခဲ့ပါသည်။
ထို့နောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မျိုးသန့်ခြံမှ ပြန်လည်ထွက်ခွာလာခဲ့ပြီး
ပုသိမ်မြို့၊ ကုတင်(၅၀၀)ဆေးရုံကြီးတွင် လှူဒါန်းထားရှိသည့် Portable Ventilator (၄)လုံးနှင့်
ဆေးပစ္စည်းများအား သွားရောက် ကြည့်ရှုခဲ့ကာ အလှူရှင်များ လှူဒါန်းထားသည့်
ကျန်းမာရေး အထောက်အကူပြု ဆေးဝါးနှင့်ပစ္စည်းများအား အမြန်အသုံးပြုနိုင်ရေး ဆေးရုံတာဝန်ရှိသူများအား
မှာကြားခဲ့ကြောင်း သိရသည်။
ကိုတွတ်(ပြန်/ဆက်)

No comments:
Post a Comment