ပုသိမ် ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၁)၌ ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အား တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများ၊ တိုင်းဒေသကြီးနှင့် ခရိုင်စိုက်ပျိုးရေးဌာနများ၏ လုပ်ငန်းဆိုင်ရာဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီးအတွင်းရှိ စက်ရုံများမှစက်ရုံမှူးများ၊ တိုင်းဒေသကြီးနှင့် ခရိုင်(၆)ခရိုင်တို့မှ စိုက်ပျိုးရေးဦးစီးမှူးများ တက်ရောက်ကြပါသည်။ ရှေးဦးစွာ အမှတ်(၃၂) အကြီးစားဘိလပ်မြေစက်ရုံ (ကြံခင်း)မှ စက်ရုံမှူး ဦးဝင်းနိုင်၊ အဆင့်မြင့်စက္ကူစက်ရုံ (သာပေါင်း)မှ စက်ရုံမှူး ဦးသိန်းဇော်ဦး၊ အမှတ်(၅)ဓာတ်မြေသြဇာစက်ရုံ (ကန်ကြီးထောင့်)မှ စက်ရုံမှူး ဦးသက်မင်းထွန်း၊ အမှတ်(၃၆) အကြီးစားမှန်စက်ရုံ(ပုသိမ်)မှ စက်ရုံမှူးဦးကိုကြည်တို့မှ လုပ်ငန်းဆောင်ရွက်ချက်များအားရှင်းလင်းတင်ပြကြပါသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြာရေးမှူး ဦးစိန်မောင်မြင့်နှင့် ခရိုင်(၆)ခရိုင်မှ ခရိုင် ဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပါသည်။ အဆိုပါ ရှင်းလင်းတင်ပြမှုများ အပေါ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း က လိုအပ် သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ကိုတွတ်(ပြန်/ဆက်)

No comments:
Post a Comment