Saturday, August 21, 2021

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် မြင်းမူမြို့နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု

 


မြင်းမူ  ဩဂုတ်လ  ၂၁

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့  ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့်  တာဝန်ရှိသူများသည် ဩဂုတ်လ (၂၁)ရက်နေ့က စစ်ကိုင်းခရိုင်၊  မြင်းမူမြို့နယ်အတွင်းရှိ   ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှု ခဲ့သည်။

 

ရှေးဦးစွာ    ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည်    မြင်းမူမြို့နယ်၊     ပျော့ရွာကျေးရွာရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဌာန၊ မြစ်ရေတင်ဌာန ၊  ပျော့ရွာကျေးရွာရှိ တောင်သူဦးဝင်းလှိုင်၏ ကွင်းအတွင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၏ နည်းပညာ ပံ့ပိုး မှုဖြင့်စိုက် ပျိုးထားရှိသည့် တစ်ဧကစပါးတင်း (၁၀၀)နှင့်အထက်ထွက်ရှိရေး စံပြစိုက်ကွင်း ကိုလည်းကောင်း၊ ပျော့ရွာကျေးရွာအနီးရှိ      ဒေသနွားမျိုး ထိန်းမျိုးပွားနှင့်      တိရ စ္ဆာန်အစာ ဖွံ့ဖြိုးရေး သုတေသနခြံနှင့်မြင်းမူမြို့မြောက်ပိုင်းရပ် ကွက်အတွင်းရှိ တောင်သူ ဦးဝင်းမင်းသန်း ၏ စိုက်ခင်းအတွင်း   မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့်  စိုက်ပျိုး ထားရှိ သည့် ဝါမျိုးသန့်စံပြစိုက်ခင်း  (၁၀)ဧကသို့လည်းကောင်းရောက်ရှိရာ တိုင်း/ခရိုင် နှင့်မြို့နယ် အဆင့်သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများတင်ပြရာ လုပ်ငန်း လိုအပ်ချက်များ နှင့်ပါတ်သက်၍   ဝန်ကြီးချုပ်ကပြန်လည်ဆွေးနွေးခဲ့သည်။

ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည့် နေ့လည်ပိုင်းတွင် မြင်းမူမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမတွင် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးကာ   လိုအပ် သည် များကိုဖြည်း ဆည်းပေါင်း စပ်ပေးခဲ့သည်။

ယင်းနောက်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်(၄၀)လီတာ ဆံ့အောက်စီဂျင်အိုးနှင့် Concentratorများ၊ ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ၊ ထောက်ပံ့ ငွေများနှင့် စားသောက်ဖွယ်ရာ များကိုပေးအပ်ရာ  မြို့နယ်အုပ်ချုပ်ရေးမှုး၊  မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဝင်၊   မြို့နယ် ရဲတပ်ဖွဲ့မှုး၊  မြို့နယ်ဆေးရုံအုပ်ကြီးနှင့်   စေတနာဝန်ထမ်း (Volunteer) အဖွဲ့တာ ဝန်ရှိသူများ ကလက်ခံရယူခဲ့ကြောင်းသိရသည်။

အောင်စိုးဖေ(မြင်းမူ)

No comments:

Post a Comment