ဘားအံ ဩဂုတ် ၂၁
ကရင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲကို ဩဂုတ်လ ၂၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့ လှာကမြင် ကွက်သစ် ဂေါက်ကွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီ၏ လမ်းညွှန်ချက် စည်းမျဉ်းစည်းကမ်း များနှင့်အညီ ကျင်းပသည်။
သစ်ပင်စိုက်ပွဲတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက အဖိုးတန် သစ်မျိုးများဖြစ်သော မဟော်ဂနီ၊ သင်္ကန်း၊ ခရေ၊ ပုန်းညက်၊ ပျဉ်းမ၊ မာတာကွတ်၊ မန်ဂျန်ရှား အစရှိသည့် သစ်မျိုးများ အပါအဝင် အပင်ပေါင်း ၈၀၄ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများ၏ သစ်ပင်များစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု့အားပေးခဲ့ပြီး ဂေါက်ကွင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး အတွက် ကျန်မြေနေရာလွတ်များတွင်လည်း သစ်ပင်များစိုက်ပျိုးရန် လမ်းညွှန်မှာကြားခဲ့သည်။
ယခုနှစ် မိုးရာသီတွင် ကရင်ပြည်နယ်သစ်တောဦးစီးဌာနအနေဖြင့် ပျိုးပင်ကြီး ၄ သိန်းကို စိုက်ပျိုးရန်လျာ ထားပြီး ယခုအခါ အမြင့် ၂ ပေနှင့်အထက် ပျိုးပင်ကြီး သုံးသိန်းနှစ်သောင်းငါးထောင်လေးရာကို စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေကျပ် ၃၃၁ ဒသမ ၃၇၃၅ သန်းဖြင့် ဆောင်ရွက်သော လှာကမြင်ဝန်ထမ်းအိမ်ရာ လေးခန်းတွဲ လေးထပ် တည်ဆောက်ခြင်းလုပ်ငန်းအား သွားရေက်ကြည့်ရှု့စစ်ဆေးရာ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများ က တည်ဆောက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ အချိန်မီပြီးစီးနိင်ရေး ကြိုပမ်းဆောင်ရွက်ကြရန် လမ်းညွှန် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ အမှတ်(၉)ရပ်ကွက် ကြာအင်းတောင်ခြေရှိ ကရင်ပြည်နယ် ယဉ်ထိန်းရဲတပ်ဖွဲ့ ဝန်ထမ်းအိမ်ရာမြေနေရာအား သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
No comments:
Post a Comment