နေပြည်တော် သြဂုတ် ၁၂
ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များတွင် ပြည်သူများ ပိုမိုပူးပေါင်း လာစေရန်အတွက်လည်းကောင်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ပြည်သူများအသိပညာပေး လုပ်ငန်းများကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်စေရေးနှင့် စနစ်တကျ မှတ်တမ်းတင်နိုင်ရေး အတွက်လည်းကောင်း “ကိုဗစ်-၁၉ ကာကွယ်ရေး၊ ပြည်သူအားလုံး ပါဝင်ပေး” ခေါင်းစဉ်နှင့် “ကိုဗစ်-၁၉ ကပ်ရောဂါ၊ လက်တွဲညီညာ တိုက်ဖျက်ပါ” ခေါင်းစဉ်များဖြင့် ရောင်စုံဓာတ်ပုံပြိုင်ပွဲများကိုပြန်ကြားရေးဝန်ကြီးဌာနက ဖိတ်ခေါ်ထားကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို
ဝါသနာရှင်အဆင့်ပြိုင်ပွဲနှင့် ပညာရှင်အဆင့်ပြိုင်ပွဲဟူ၍ ပြိုင်ပွဲ အမျိုးအစား(၂)မျိုး
ကျင်းပမည်ဖြစ်သည်။ ဝါသနာရှင်အဆင့်ပြိုင်ပွဲကို “ကိုဗစ်-၁၉ ကာကွယ်ရေး၊ ပြည်သူအားလုံး
ပါဝင်ပေး” ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ဓာတ်ပုံပညာကို ဝါသနာအရ ရိုက်ကူးနေကြသူများ၊
ပြည်တွင်း/ပြည်ပ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိခဲ့ဖူးခြင်းမရှိသူများ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
ပညာရှင်အဆင့် ပြိုင်ပွဲကို “ကိုဗစ်-၁၉ ကပ်ရောဂါ၊ လက်တွဲညီညာ တိုက်ဖျက်ပါ” ခေါင်းစဉ်ဖြင့်
ကျင်းပမည်ဖြစ်ပြီး ပြည်တွင်း/ပြည်ပဓ ာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိခဲ့ဖူးသူ မည်သူမဆို
ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ ပြိုင်ပွဲသို့ ကိုဗစ်-၁၉ ရောဂါ ဆိုးကျိုးများ၊ ကိုဗစ်-၁၉
ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်
ပေးနေမှုများ၊ အသိပညာပေးဆောင်ရွက် နေမှုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအသင်းအဖွဲ့များ၊
စေတနာ့ဝန်ထမ်းများက ပါဝင်ကူညီ ဆောင်ရွက်ပေးနေမှုများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနေမှုများ
စသည့် အကြောင်းအရာ များဖြင့် ဖော်ညွှန်းရိုက်ကူးယှဉ်ပြိုင်ရမည်ဖြစ်သည်။ ပြိုင်ပွဲဝင်ဓာတ်ပုံများသည်
မြန်မာနိုင်ငံအတွင်း ရိုက်ကူးထားသည့် ရောင်စုံဓာတ်ပုံများသာ ဖြစ်ရမည်။ မည်သည့် ကင်မရာအမျိုးအစားမဆို
အသုံးပြုနိုင်ပါသည်။ ပြိုင်ပွဲဝင် ဓာတ်ပုံအရွယ်အစားမှာ ၁၀ လက်မ x ၁၅ လက်မ အရွယ်အစားတစ်မျိုးတည်းသာ
ပါဝင်ယှဉ်ပြိုင်ရန်နှင့် ပုံအရေအတွက် အကန့် အသတ်မရှိ ယှဉ်ပြိုင်နိုင်ပါသည်။ ဒီဂျစ်တယ်နည်းပညာဖြင့်
ပြုပြင်ဖန်တီးထားသည့် ဓာတ်ပုံများ၊ ပြည် တွင်း ပြည်ပဓာတ်ပုံပြိုင်ပွဲများတွင် ဆုရရှိခဲ့ဖူးသည့်
ဓာတ်ပုံများ၊ ပုံနှိပ်ထုတ်ဝေပြီးသော ဓာတ်ပုံများ၊ Website များတွင် အသုံးပြုပြီးသော
ဓာတ်ပုံများကို ပါဝင်ယှဉ်ပြိုင် ခွင့်မပြုပါ။ ပြိုင်ပွဲဝင်ဓာတ်ပုံများကို အများပြည်သူအကျိုးငှာ
ပြပွဲများ၊ စာအုပ်စာစောင်များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့်
ဗီဒီယိုများတွင် အသုံးပြုခြင်းကို သဘောတူ ခွင့်ပြုရမည်။ ပြိုင်ပွဲဝင်ဓာတ်ပုံ များတွင်
ပြိုင်ပွဲဝင်သူအမည်၊ နိုင်ငံသားစိစစ်ရေးအမှတ်၊ နေရပ်လိပ်စာ၊ ဓာတ်ပုံအကြောင်းအရာ၊ ရိုက်ကူးသည့်
နေရာဒေသ တို့ကို ဓာတ်ပုံများ၏ နောက်ကျောတွင် သီးခြားစက္ကူဖြင့် ရေးကပ်၍ ပူးတွဲ ပေးပို့ရမည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၃၀-၉-၂၀၂၁ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား၍ ညွှန်ကြားရေးမှူး
(ထုတ်လုပ်)၊ ထုတ်လုပ်ရေး ဌာနခွဲ( ရန်ကုန်) ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊
အမှတ်-၂၂၈၊ သိမ်ဖြူလမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၈၃၇၁၃၄၂၊ ၀၁-၈၂၀၁၉၃၆
သို့ ဆက်သွယ် ပေးပို့ကြရမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment