နေပြည်တော် ဩဂုတ် ၁၁
ဘရူနိုင်းနိုင်ငံက လက်ခံကျင်းပသည့် (၁၅) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး (15၏ ANCM) ကို ယနေ့နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ အာဆီယံရေတပ်ဦးစီးချုပ်
များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အစည်းအဝေး၏
သဘာပတိဖြစ်သူ ဘရူနိုင်းနိုင်ငံရေတပ်ဦးစီးချုပ် First Admiral Spry Bin Haji
Serudi@Haji Seruji က (၁၅)ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး အဖွင့်နှုတ်ခွန်းဆက်စကား
ပြောကြားပြီး အစည်း အဝေးကို ဖွင့်လှစ်ပေးသည်။
ယင်းနောက် ယခင်နှစ်
(၁၄) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး မှတ်တမ်းကို အတည်ပြုသည်။ ထို့နောက်
ANCM အမြဲတမ်းပူးတွဲအတွင်းဝန်က ဒေသတွင်း ပင်လယ်ရေကြောင်း လုံခြုံရေးအခြေအနေများကို
အကျဉ်းချုပ် တင်ပြဆွေးနွေးပြီး အစည်းအဝေး တက်ရောက်လာကြသော အာဆီယံရေတပ်ဦးစီးချုပ်များက
Blue Economy "We care, We prepare, We prosper" "ပင်လယ်ပြာ စီးပွားရေးအပေါ်
ဂရုပြုပြင်ဆင် အောင်ပွဲဝင်" ဟူသော ခေါင်းစဉ်အား
နိုင်ငံအလိုက် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
ကာကွယ်ရေးဦးစီးချုပ်(ရေ)
ဗိုလ်ချုပ်ကြီး မိုးအောင်က မြန်မာနိုင်ငံအတွင်း နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုဖြင့်
ကိုဗစ် -၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကို ဦးစားပေးလုပ်ငန်းရပ်အနေဖြင့် ဆောင်ရွက်နေမှု၊
ဒေသတွင်းရေကြောင်းလုံခြုံရေး အခြေအနေ၊ Blue Economy နှင့်ပတ်သက်၍ ASEAN အဖွဲ့ အနေဖြင့်
ပူးပေါင်းလုပ်ဆောင်မှုတိုးမြှင့် ဆောင်ရွက်သွားရန်အခြေအနေများကို ဆွေးနွေးခဲ့ပြီး
ASEAN ရေတပ်ဦးစီးချုပ်များက ဒေသတွင်းပင်လယ် ပြင်လုံခြုံရေးကို စုပေါင်း၍ တိုးမြှင့်ဆောင်ရွက်ကြရန်၊
လက်ရှိ ကိုဗစ် -၁၉ ရောဂါ သက်ရောက်မှုအရ New Normal အခြေအနေတွင် အကောင်းဆုံး ဖြေရှင်းမှုကို
အာဆီယံ Teamwork ဖြင့် ဆောင်ရွက် ကြရန်နှင့် ပင်လယ်ပြာစီးပွားရေးလုပ်ငန်းစဉ်ကို ဟန်ချက်ညီ
ပူးပေါင်းဆောင်ရွက်ကြရန်တို့ကို အမြင်ချင်း ဖလှယ်ကြသည်။
ယင်းနောက် အာဆီယံရေတပ်လေ့ကျင့်ရေး
ဆိုင်ရာ အတွေ့အကြုံများဖလှယ်ရေး အစီအစဉ်၏ လုပ်ငန်းကျွမ်းကျင်အဖွဲ့ အစည်းအဝေး
ANTEEP (အန်းတိပ်) Working Group ဆွေးနွေးချက် ရလဒ်များ၊ (၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ
ပင်လယ် ရေကြောင်းလုံခြုံရေးနှီးနှောဖလှယ်ပွဲ (4h International Maritime Security
Symposium (IMSS-2021) နှင့် (၁၇) ကြိမ်မြောက် အနောက်ပစိဖိတ်ဒေသ ရေတပ်နှီးနှောဖလှယ်ပွဲ
(I7th Western Pacific Naval Symposium - WPNS) နှင့် ပတ်သက်ပြီး သက်ဆိုင်ရာနိုင်ငံများက
တင်ပြကြပြီး အာဆီယံရေတပ်များ ပူးပေါင်းလေ့ကျင့်ခန်း (ASEAN Multilateral Naval
Exercise-AMNEX) (အန်းနက်)နှင့် အာဆီယံရေတပ်များ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို
ဆက်လက်ဆွေးနွေး ခဲ့ကြသည်။
ထို့နောက် ၂၀၂၂ ခုနှစ်တွင်
အင်ဒိုနီးရှားနိုင်ငံ၌ ပြုလုပ်မည့် (၁၆)ကြိမ်မြောက် အာဆီယံရေတပ် ဦးစီးချုပ်များ အစည်းအဝေးဆိုင်ရာ
ကိစ္စရပ်များ ဆွေးနွေးခြင်း (16၏ ANCM)၊ ၂၀၂၃ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ပြုလုပ်မည့်
(၁၇) ကြိမ်မြောက် အာဆီယံရေတပ်ဦးစီးချုပ်များ အစည်းအဝေး (17th ANCM)နှင့် ဒုတိယအကြိမ်မြောက်
အာဆီယံရေတပ်များ ပူးပေါင်းလေ့ကျင့်ခန်း(2nd ASEAN Multilateral Naval Exercise -
AMNEX)တို့နှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး သဘာပတိ၊ ဘရူနိုင်းရေတပ် ဦးစီးချုပ်က
နိဂုံးချုပ်အမှာစကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်
No comments:
Post a Comment