ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် ခရိုင်ပြည်သူ့ဆေးရုံသို့ အောက်ဆီဂျင်အသက်ရှုစက် လေးလုံး နှင့်အတူ ကျန်းမာရေး ဝန်ထမ်းများအတွက် ထိုင်းဘတ် ၃၂၀၀၀၀ တန်ဖိုးရှိအခြေခံစား သောက်ကုန်များ၊ ထောက်ပံ့ငွေများကို ယမန်နေ့ မွန်းလွဲပိုင်းက ပြည်သူ့ဆေးရုံ၌ ထောက်ပံ့လှူဒါန်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းရာတွင် လူနှစ်ဦးအသုံးပြု ၍ရသည့် အောက်စီဂျင်အသက်ရှုစက် OXYGEN CONCEN TRATOR ( အသက်ရှုစက်) တစ်လုံးလျှင်ငွေကျပ် ၁၈ သိန်းဖြင့် (၄) လုံး အတွက် စုစုပေါင်းငွေကျပ် ၇၂ သိန်းကို တြိဂံဒေသတိုင်းစစ်ဌာနချုပ်မှ ထောက်ပံ့ခြင်းဖြစ်ရာ တိုင်းစစ်ဌာနချုပ်ကိုယ်စား စစ်ဗျူဟာ အဖွဲ့(အခြေချ)တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း က ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင် နှင့် မြို့ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအထောက် အကူပြုအဖွဲ့ဝင်များကို ပေးအပ်ခဲ့သည်။
ထို့အတူ ဦးလောတာနှင့်ဇနီး ဒေါ်ဘူးတီ (တာချီလိတ်၊ရှမ်းအရှေ့ မြို့ရေပေးဝေရေး) ကုမ္ပဏီနှင့် မိသားစုဝင်များက ကျန်းမာရေးဝန်ထမ်းများအတွက် ထိုင်းဘတ် ၂၇၅၀၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာ များကို ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင်နှင့် မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အဖွဲ့ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူ ပြုအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းနေဦးနှင့်အဖွဲ့ဝင်များက ကျန်းမာရေးဝန်ထမ်း ၁၀၀ ဦးအား တစ်ဦးလျှင် ထိုင်းဘတ် ၄၅၀ တန်ဖိုးရှိ အခြေခံစားကုန်များကို ထောက်ပံ့ပေးခဲ့ရာ ဆေးရုံအုပ်ကြီးနှင့်ကျန်းမာရေးဝန်ထမ်းများက လက်ခံယူပြီး ၊ ယင်းထောက်ပံ့ငွေများကို မြို့ဘက်စုံဖွံ့ဖြိုးတက်ရေးအထောက်အကူပြုအဖွဲ့က ဆေးရုံမှတာဝန်ရှိသူများနှင့်ကျန်းမာ ရေးဝန်ထမ်းများသို့ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
အဆိုပါ ခရိုင်ပြည်သူ့ဆေးရုံနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် စေတနာရှင်အလှူရှင်များ က ထောက်ပံ့ လှူဒါန်းပေးခဲ့ရာတွင် စုစုပေါင်း မြန်မာငွေ ကျပ် ၇၂ သိန်းနှင့် ထိုင်းဘတ် ၃၂၀၀၀၀ ရှိကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)



No comments:
Post a Comment