Wednesday, August 18, 2021

တပ်မတော်( ကြည်း/ရေ/လေ) မိသားစုမှ ကျောက်မဲခရိုင် ပြည်သူ့ဆေးရုံအတွက် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ လှူဒါန်း


 



ကျောက်မဲ ဩဂုတ် ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ယနေ့ နံနက် ၁၀ နာရီ ခွဲအချိန်က တပ်မတော်(ကြည်း/ရေ/လေ) မိသားစုများမှ ကျောက်မဲခရိုင်အတွက် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများထောက်ပံ့လှူဒါန်းပေးခဲ့ ကြောင်း သိရသည်။

  ကျောက်မဲမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါပိုးကာကွယ်၊ကုသ‌ရေးလုပ်ငန်းများ တွင် အသုံးပြုနိုင်ရန် အတွက် တပ်မတော် (ကြည်း/ရေ/လေ) မိသားစုများမှ လှူဒါန်းပေးသည့်  ၄၀ လီတာဆန့် အောက်ဆီဂျင် ၂ အိုး ၊ Regulater ၂ ခု၊ ပိုက် ၂ စုံ၊  အောက်ဆီဂျင် အိုးသယ်ရန် လှည်း ၁ စင်း၊  Hand Jel ၁ ဖာ၊  အရက်ပြန် ပုံးကြီး ၁ ပုံး၊ PPE-1  ၅၀ စုံ၊ PPE -2  ၅၀ စုံ၊ လက်အိတ် ၂၀၀ စုံ၊ Mask ၅၀ ဗူး၊ ပါရာစီတမောဆေး ၁၀၀၀ ပြားနှင့်   ဗီတာမင်စီ ၁၀၀၀ ပြားကို တပ်မတော် (ကြည်း/ရေ/လေ)မိသားစု  ကိုယ်စား အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဦးစီးမှူး (ပထမတန်း) (ဦး/ရေး/ထောက်)ဒုတိယဗိုလ်မှူးကြီး လွင်ဘုန်းအောင်က ပေးအပ်လှူဒါန်းခဲ့ပြီး ကျောက်မဲ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေ၊ ကျောက်မဲခရိုင် ဆေးရုံအုပ် ဒေါက်တာကျော်မိုးထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး‌ ‌ ‌အောင်စည်သူ‌အေး တို့ကလက်ခံရယူခဲ့ သည်။

တပ်မတော်(ကြည်း/ရေ/လေ) မိသားစုများအနေဖြင့် ယခင် ဩဂုတ် ၁၁ ရက်နေ့ကလည်း ကျောက်မဲမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအတွက် စားသောက်ကုန်များနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှသိရသည်။

မိုင်းထွန်း(ပြန်/ဆက်)

No comments:

Post a Comment