Wednesday, August 18, 2021

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ်အတွင်း အသက်ပြည့်သူများအား ကိုင်ဆောင်လက်မှတ် တစ်မျိုးမျိုးထုတ်ပေးရေး (ပန်းခင်းစီမံချက်) ရှင်းလင်းဆွေးနွေး

 



 မော်လမြိုင်  ဩဂုတ် ၁၈

 

မွန်ပြည်နယ်ဝန်ကြီးချုပ်  ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ပြည်နယ် အဆင့်  ဌာနဆိုင်ရာတာဝန်ရှိသူများသည်    ယမန်နေ့နံနက်   ၁၀နာရီက    မွန်ပြည်နယ်  အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ပြည်နယ်အတွင်းရှိ    မြန်မာနိုင်ငံသား  ဥပဒေနှင့်အညီ အသက်ပြည့်သူများအား ကိုင်ဆောင်လက်မှတ်  တစ်မျိုးမျိုးထုတ်ပေးရေး   လုပ်ငန်းစီမံချက်  (ပန်းခင်းစီမံချက်)   ရှင်းလင်း ဆွေးနွေးခြင်းကို ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ရှေးဦးစွာ   မွန်ပြည်နယ်ဝန်ကြီးချုပ်   ဦးဇော်လင်းထွန်းက  အဖွင့်အမှာစကားပြောကြားရာ၌  ပြည်နယ်တွင်းအိမ်ထောင်စုနှင့်  လူဦးရေစာရင်းအရအသက်(၁၈) ပြည့်ပြီးသော်လည်း နိုင်ငံသားစိစစ် ရေးကတ်ပြားများ မရရှိသူလူဦးရေ ၂၉၄၀၀၀ ကျော်ရှိကြောင်း၊  ထို့အတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးဌာနမှ ဦးဆောင်ပါဝင်၍ ပန်းခင်းစီမံချက်ဖြင့် အသက်ပြည့်သူ များအား ကိုင်ဆောင်လက်မှတ်တစ်မျိုးမျိုးထုတ်ပေးရေး  ဆောင်ရွက်လျက်ရှိကြောင်း၊  ပန်းခင်းစီမံ ချက်သည်  လွတ်လပ်ပြီးတရားမျှတသည့်  ရွေးကောက်ပွဲကျင်းပနိုင်ရေး မဲဆန္ဒရှင်များအားလုံးနိုင်ငံ သားစိစစ်ရေးကတ်ပြားများ   ကိုင်ဆောင်ပြီး    မဲပေးနိုင်ရေးဆောင်ရွက်သည့်  စီမံချက်ဖြစ်ကြောင်း၊  ယခုအချိန်သည် ကိုဗစ်- ၁၉ ရောဂါ  ဖြစ်ပွားနေချိန်လည်းဖြစ်သလို သဘာဝဘေး အန္တရာယ်ဖြစ်စဉ်နဲ့ လည်းကြုံတွေ့နေရခြင်းကြောင့်  စီမံချက် ဆောင်ရွက်ရာတွင် အခက်အခဲများရှိနေသော်လည်းအချိန် သတ်မှတ်ချက်ဖြင့် ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊  စီမံချက်အောင်မြင်စေရေးအတွက်အခက်အခဲ များကို နည်းလမ်းရှာပြီး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။

ထို့နောက် ပြည်နယ်အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီး၊ မွန်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး ဦးတင်ချယ်က ပန်းခင်းစီမံချက်ပါ လုပ်ငန်းစဉ်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့်   နယ်စပ်ရေးရာဝန်ကြီး   ဗိုလ်မှူးကြီး နေထွဋ်ဦးက ဖြည့်စွက်ဆွေးနွေးပေးပြီး တက်ရောက်လာသူများမှ အထွေထွေဆွေးနွေး တင်ပြကြသည်။

မွန်ပြည်နယ်အတွင်း မြို့နယ်များအလိုက် အိမ်ထောင်စု လူဦးရေစာရင်းကို ၂၀၁၉ ခုနှစ်မှစ၍ ကွန်ပျူတာစနစ်ဖြင့် ထိန်းသိမ်းဆောင်ရွက်ခဲ့ရာ ၉၄ ရာခိုင်နှုန်းကျော်ပြီးစီးပြီးဖြစ်၍ ယခုပန်းခင်း စီမံချက်ကို ၂၀၂၁ ခု မတ်လမှစတင်ကာ ဩဂုတ်လအထိ ဆောင်ရွက်ခဲ့သည့် အိမ်ထောင်စု လူဦးရေ စာရင်း(၃၇၅၈) စုနှင့်  နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၈၁၄၆)ကတ်   ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ် ကြောင်း၊ ကိုဗစ်- ၁၉ကာလ အစိုးရုံးပိတ်ရက်များအတွင်း လုပ်ငန်းစဉ်လစ်လပ်မှုမရှိစေရေး လူဦးရေ (၈၅၅၈) ဦးအတွက် ကြိုတင်ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment