Wednesday, August 18, 2021

နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ ဆေးနှင့်ဆေးဝါးပစ္စည်းများထောက်ပံ့ပေးအပ်

 May be an image of 1 person and standing


နောင်ချို ဩဂုတ် ၁၈ ရက်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဆေးနှင့်ဆေးဝါးပစ္စည်းများကို ယနေ့နံနက် ၉:၃၀နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
 
ထောက်ပံ့ပေးအပ်ရာတွင် အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုယ်စား အမှတ် (၉၀၂) အမြောက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ဒုတိယဗိုလ်မှူးကြီးအောင်ထွန်းဦးနှင့်တာဝန်ရှိသူများက Oxygen အိုး (၂) အိုး ၊ Oxygen အိုး တင်ဆောင်သည့်လှည်း (၁)ခု၊ Regulaer (၂)ခု၊ Pipe (၂)ခု၊ Hand Jel (၁) ဖာ၊ ပိုးသတ်ဆေး(၁)ပုံး၊ PPE(Level-1) (၅၀)စုံ၊ PPE(Level-2) (၅၀)စုံ၊ လက်အိတ် (၂၀၀)ခု၊Mask (၁)ဖာ၊ ပါရာစီတမော (၁၀၀၀)လုံး၊ (V-C)(၁၀၀၀)လုံး တို့ကို ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကြည်တိုးနှင့်တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးနှင့်ဆေးဝါးပစ္စည်းများကို အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်မှ ကိုဗစ်စင်တာ ၊ Positive စင်တာများရှိရောဂါပိုးတွေ့ရှိ၍ ဆေးကုသမှုခံယူလျက်ရှိသော လူနာများအတွက် ပေးပို့ ထောက်ပံ့ပေးခဲ့ပြီး မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ မြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံ၊ မြနန်းတော်ဝင်ခန်းမ၊ သဖန်းကိုင်းပရဟိတစင်တာ၊ သုံးဆယ်တိုက်နယ်ဆေးရုံတို့ရှိ စင်တာများသို့ ဆက်လက်ပေးပို့ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ထွေးငယ်

No comments:

Post a Comment