Saturday, May 15, 2021

ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး လုပ်ငန်းကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဦးဆောင်၍ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန် ဆန်တင်ပို့မှုများ ကြည့်ရှု




ရန်ကုန် မေ ၁၅

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ ဥက္ကဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်သည် ယနေ့ ညနေ ၄ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ လုပ်ငန်း ကော်မတီ အတွင်းရေးမှူး၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ တာဝန် ရှိသူများနှင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းရုံး၌ ပြည်ပသို့ လယ်ယာထွက်ကုန် ဆန်တင်ပို့မှု နှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးကြသည်။

ထို့နောက် အမှတ်(၇) ဆူးလေဆိပ်ကမ်းတံတားသို့ သွားရောက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့မည့်ဆန်များ MV.VTC Planet သင်္ဘော ပေါ်သို့ တင်ဆောင်နေမှု အခြေအနေများကို ကြည့်ရှု့သည်။

ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများတွင် ပင်လယ်ရေကြောင်းမှ ပြည်ပပို့ကုန် လယ်ယာ ထွက်ကုန်ပစ္စည်းများ အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် မေ ၁၂ ရက်အထိ ဆန်နှင့် ဆန်ကွဲ ၁,၃၀၆,၃၀၀ တန်၊ ပြောင်း ၂,၀၃၅,၁၁၃ တန်၊ ပဲအမျိုးမျိုး ၁,၁၁၂,၉၆၃ တန်၊ နှမ်းအမျိုးမျိုး ၂၁၇,၄၄၉ တန်၊ ရော်ဘာစိမ်း ၂၀၈,၉၇၈ တန်နှင့် အခြားလယ်ယာ ကိုင်းကျွန်းထွက်ပစ္စည်းများ ၂,၀၀၅,၂၀၂ တန်၊ စုစုပေါင်း ၆,၈၈၆,၀၀၄ တန် တင်ပို့ခဲ့သည့်အနက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ မေ ၁၂ ရက်အထိ ဆန်နှင့်ဆန်ကွဲ ၄၀၅,၄၁၆ တန်၊ ပြောင်း ၁,၁၁၂,၃၅၃ တန်၊ ပဲအမျိုးမျိုး ၅၁၆,၃၅၈ တန်၊ နှမ်းအမျိုးမျိုး ၃၀,၉၉၄ တန်၊ ရော်ဘာစိမ်း ၄၁,၇၄၄ တန်နှင့် အခြားလယ်ယာ ကိုင်းကျွန်းထွက် ပစ္စည်းများ ၃,၄၄၅,၈၁၀ တန်၊ စုစုပေါင်း ၅,၅၅၂,၆၇၅ တန် တင်ပို့ခဲ့ကြောင်း သိရသည်။

ကုန်သွယ်လုပ်ငန်းရှင်များ၊ စက်မှုဇုန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်သွယ် မှုနှင့် ကုန်စည်စီးဆင်းမှုများနှင့်ပတ်သက်၍ အခက်အခဲများရှိပါက လုပ်ငန်းကော်မတီ တယ်လီ ဖုန်းအမှတ် ၀၉- ၆၆၄၀၇၅၆၈၃၊ ၀၉- ၆၈၇၆၃၅၉၄၃၊ ၀၉- ၆၇၆၃၂၀၈၂၆၊ ၀၉- ၆၆၄၅၉၆၃၂၇ များ သို့ လည်းကောင်း ဗဟိုကော်မတီ တယ်လီဖုန်းအမှတ် ၀၆၇-၄၀၉၆၇၁၊ ၀၆၇-၄၀၉၆၇၂၊ ၀၆၇-၄၀၉၆၇၃ သို့လည်းကောင်း ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

(သတင်းစဉ်)






No comments:

Post a Comment